Microsoft ကနေ အရည်အသွေးမြင့် Ultrabook ဈေးကွက်ထဲကို Surface Book 2 ကို ထုတ်လုပ်လိုက်ပြီး High End Ultrabook ဈေးကွက်ကို ပြန်လည်ရယူဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ Surface Book 13″ နဲ့ 15″ ၂ မျိုးစလုံးဈေးကွက်ထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး Ultrabook တွေအနေနဲ့ သတ်မှတ်နိုင်ပြီးတော့ Tablet အနေနဲ့လည်း သယ်သွားလို့ရဦးမှာပါ။

Display မှာဆို၇င် 13.5″ Model မှာ 3000×2000 Resolution ရှိတဲ့ Pixel Sense Display နဲ့ အနည်းငယ်ပိုကြီးတဲ့ 15″ Model မှာပိုပြီးကောင်းတဲ့ 3240×2160 Resolution Pixel Sense Display ပါဝင်မှာပါ။ Touch Screen Display တွေဖြစ်ပြီးတော့ Surface Pen နဲ့လည်း သုံးနိုင်ပါလိမ့်မယ်။

Specifications တွေအနေနဲ့တော့ Intel i5 နဲ့ i7 Processors တွေကို အသုံးပြုလာပြီး 13.5″ Model မှာ 7th Generation Intel i5 CPU နဲ့ 15″ Model မှာ 8th Generation Intel i7 CPU တွေကိုသုံးထားတာဖြစ်ပါတယ်။ RAM ကိုလည်း 8GB နဲ့ 16GB ဆိုပြီး ရွေးချယ်လို့ရသလို SSD ကလည်း 1TB အထိထည့်ထားနိုင်မှာပါ။

ဂိမ်းဆော့ဖို့အတွက်လည်း Microsoft ကနေ Nvidia GTX 1050 2GB DDR5 ဒါမှမဟုတ် Nvidia GTX 1060 6GB DDR5 Graphic Card တွေကိုထည့်သွင်းထားတဲ့အတွက် စွမ်းဆောင်ရည်က ထိပ်တန်းအဆင့်ဖြစ်နေမှာပါ။

Microsoft က အခု Surface Book 2 ၂ မျိုးစလုံးက ရုပ်ရှင်ကြည့်ရှုချိန် ၁၇ နာရီနဲ့ Tablet အနေနဲ့ အသုံးပြုရင် ရုပ်ရှင်ကြည့်ရှုချိန် ၅ နာရီခန့်ရရှိမယ်ဆိုပြီး Battery Life ကို အာမခံထားပါသေးတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ Microsoft Surface Book 2 13.5″ ကို $1499 ကနေ စတင်ရရှိနိုင်မှာဖြစ်ပြီး 15″ Model ကတော့ $2499 အနိမ့်ဆုံးဈေးတွေနဲ့ လာမယ့် နိုဝင်ဘာလ ၁၆ ရက်မှာ စရောင်းချသွားမှာဖြစ်ပါတယ်။