Nokia ဟာ လာမယ့် မေလ ၂၉ ရက် အင်္ဂါနေ့ မှာ သူ့ရဲ့ Product အသစ်ကို Launch လုပ်မယ့် Event အကြောင်း ကြေညာထားပါတယ်။ ဒီ Event မှာ ဘာကို Launch လုပ်မယ်လို့ မကြေညာသေးပဲ #chargedup ဆိုပြီးသာ Social Media တွေမှာ တွေ့ရပါတယ်။

Source: Tech.com

ဒီ Charged up Product ဟာ Nokia ရဲ့ ဖုန်းအသစ်လည်း ဖြစ်နိုင်သလို ရှိပြီးသား ဖုန်းတွေကို မရသေးတဲ့ နိုင်ငံတွေမှာ ရမယ့် ကြေညာချက် မျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့တွေ ကတော့ Nokia 9 ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ ဒါပေမယ့် Nokia 8 Sirocco က ထွက်တာ သိပ်မကြာသေးတော့ Nokia 9 လို High – end ဖုန်းတစ်လုံးကို Launch လုပ်မယ်ဆိုရင် အနည်းငယ် စောနေပါသေးတယ်။ တချို့တွေ ကတော့ Nokia ရဲ့ Budget Devices တွေကို Update တချို့လုပ်ပြီး ချပြလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Source: Tech.com

Nokia ကတော့ ဖုန်းလောကကို အာရုံစိုက်လာအောင် ဖန်တီးလိုက်ပြန်ပါပြီ။ ဘာတွေ လုပ်ပြဦးမလဲ ဆိုတာတော့ သေချာ ခန့်မှန်းလို့ မရသေးပါဘူး။ ပရိတ်သတ်ကြီးရော Nokia ရဲ့ Charged Up Product က ဘာဖြစ်မယ်လို့ ထင်ကြလဲ။ လာမယ့် ၂၉ ရက်နေ့ကျမှ အတူတူရင်ခုန်ကြတာပေါ့။