One Plus ဆိုတဲ့ နာမည်ကို ကြားဖူးတဲ့သူလည်း ရှိမှာဖြစ်သလို မကြားဖူးသေးတဲ့သူတွေလည်း ရှိလောက်မှာပါ။ အခုလောလောဆယ် မြန်မာနိုင်ငံဈေးကွက်ထဲမှာ One Plus 3, One Plus 3T စတဲ့ဖုန်းတွေကို ဝယ်ယူရရှိနိုင်နေပြီဖြစ်တဲ့အတွက် One Plus ဆိုတာဘာလဲ ဆိုတာကို M – Tech ကနေ အနည်းငယ်မိတ်ဆက်သွားချင်ပါတယ်။

One Plus Company ကို ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ မှာ Oppo ရဲ့ Vice President ဟောင်း Pete Lau နဲ့ Carl Pei တို့က စတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ အစပိုင်းမှာ Oppo ရဲ့ လက်အောက်ခံမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ One Plus Company က Oppo ကပိုင်ဆိုင်တဲ့ Company တစ်ခုလို့ ဝန်ခံခဲ့ပါတယ်။

Oppo ပိုင်ဆိုင်တယ်ဆိုပေမယ့် User Interface, Specifications တွေအကုန် Oppo ဖုန်းတွေနဲ့ မတူညီပဲ One Plus ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ High End Quality & Specs တွေပါတဲ့ Devices တွေကို အခြား Brand တွေထက် ဈေးပိုသက်သာအောင် ရောင်းချနိုင်ဖို့ပဲ အဓိကအာရုံစိုက်ထားတာပါ။ အပိုတွေလို့ပြောလို့ရတဲ့ မလိုအပ်တဲ့ Beauty Filter လို Software တွေမပါပဲ OS ကလည်း အသုံးပြုသူတွေအတွက် နေ့တိုင်းအသုံးပြုမှုတွေမှာ အဆင်ပြေအောင်ပဲ User Experience ကို အကောင်းဆုံး ဦးစားပေးဆောင်ရွက်တာပါ။ အဲ့ဒါကြောင့်လည်း Company ရဲ့ Motto ကို Never Settle ဆိုပြီး သတ်မှတ်ခဲ့တာပါ။

အစပိုင်းမှာ Cyanogen Inc. နဲ့ Exclusive Licensing ရယူပြီး One Plus ရဲ့ အစပိုင်းဖုန်းတွေမှာ Cyanogen Mod ROM တွေပါဝင်ခဲ့သလို နောက်ပိုင်း One Plus ရဲ့ ကိုယ်ပိုင် OS တွေဖြစ်လာတဲ့ Oxygen & Hydrogen OS ကလည်း Cyanogen Mod ကို အခြေခံထားတယ်လို့တောင် ပြောလို့ရပါတယ်။

One Plus ရဲ့ ပထမဆုံးဖုန်းအနေနဲ့ One Plus One ကို April 22nd, 2014 မှာ စတင်ထုတ်လုပ်ခဲ့ပြီး “Flagship Killer” ဆိုတဲ့ နာမည်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ One Plus One က Qualcomm Snapdragon 801 သုံးထားတဲ့ဖုန်းဖြစ်ပြီး ဖုန်းဒီဇိုင်း၊ Quality ပိုင်းအရ အခြားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဈေးအရလည်း များစွာသက်သာတဲ့အတွက် လူစိတ်ဝင်စားမှု အမြောက်အများရရှိခဲ့ပြီး US, UK နဲ့ အနောက်နိုင်ငံတွေမှာပါ Invite System နဲ့ ရောင်းချတဲ့အတွက် One Plus Brand ကို စတင်ပြီး သတိထားမိလာစေခဲ့ပါတယ်။

နောက်ပိုင်း One Plus 2 ကိုတော့ နောက်နှစ် July 27, 2015 မှာ ထုတ်လုပ်ခဲ့ပြီး Qualcomm ရဲ့ နာမည်ဆိုးရခဲ့တဲ့ Snapdragon 810 Chipset ကို အသုံးပြုခဲ့ပြီး USB Type C ကို ပထမဆုံးစတင်အသုံးပြုခဲ့တဲ့ဖုန်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ 2015 ရဲ့ Flagship Killer ဆိုပြီး နာမည်တွင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ဖုန်းတစ်ခုဖြစ်ခဲ့ပါတယ်။ Invite System ကို ဆက်လက်သုံးနေပေမယ့် ယခင် One Plus One ထက်တော့ ပိုပြီးလွယ်ကူလာခဲ့ပါတယ်။

2016 June 14 ရက်မှာတော့ High End Specifications တွေနဲ့ Flagship Killer ဖုန်းတွေထုတ်နေရာကနေ One Plus X ဆိုပြီး Mid Range ဖုန်းတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ One Plus One တုန်းက သုံးခဲ့တဲ့ Specification တွေကိုပဲ သုံးထားပြီး One Plus ဖုန်းတွေထဲမှာ ပထမဆုံး Creamic Body နဲ့ AMOLED သုံးခဲ့တဲ့ဖုန်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုမရခဲ့ပဲ One Plus ကိုယ်တိုင်က One Plus X ရဲ့ နောက် Generation ရှိလာမှာမဟုတ်ဘူးလို့တောင် ကြေငြာခဲ့ရပါတယ်။

One Plus ရဲ့ အောင်မြင်မှုတွေကို One Plus 3 ဖုန်းနဲ့ ပြန်လည်ယူဆောင်လာနိုင်ခဲ့ပြီး ပြိုင်ဘက် Xiaomi ရဲ့ Xiaomi Mi5 ဖုန်းကြေငြာပြီး လအနည်းငယ်အကြာ June 14, 2016 မှာ စတင်ဈေးကွက်ကို ချပြခဲ့ပါတယ်။ Qualcomm 820 CPU, Metal Design Body တွေပါဝင်ပြီး Mainstream ဖုန်းတွေထဲမှာ RAM 6GB အသုံးပြုထားတဲ့ ဖုန်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

One Plus 3 ကြေငြာပြီး ခြောက်လအကြာ November 15, 2016 မှာ CPU, Battery ကို အနည်းငယ်အဆင့်မြှင့်ထားတဲ့ One Plus 3 နဲ့ Design အတူတူဖြစ်တဲ့ One Plus 3T ကို မိတ်ဆက်ခဲ့ပါတယ်။ Gunmetal အရောင်ကို အသစ်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းမှာ Midnight Black ဆိုပြီး အမည်းရောင်ကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ One Plus 3T Smartphone က အခုအချိန်ထိ အကောင်းဆုံးဖုန်းတွေထဲမှာ ပါဝင်နေပြီး ဝယ်ယူဖို့အကောင်းဆုံးဖုန်းအဖြစ် Recommend အပေးခံနေရတဲ့ ဖုန်းတစ်လုံးဖြစ်နေဆဲပါ။

One Plus ကို ဘာကြောင့် Recommend ပေးကြသလဲ? အဓိကကတော့ User Experience ကြောင့်ပါ။ Stock Android ပုံစံ ရိုးရိုးရှင်းရှင်းနဲ့ အသုံးပြုနိုင်ပြီး အခြားဖုန်းတွေလို UI ကို Heavy Tweak တွေမလုပ်ထားတာက တကယ်အသုံးပြုတဲ့အချိန်မှာ လျှင်မြန်ပြီး ပေါ့ပါးနေစေပါတယ်။ နောက်တစ်ခုက Oppo ရဲ့ VOOC Charging ကို Adopt လုပ်ထားတဲ့ Dash Charging ပါ။ လက်ရှိအချိန်အထိ အမြန်ဆုံး Charging Method တစ်ခုဖြစ်ပြီး အားသွင်းတဲ့အချိန်မှာ ဖုန်းမပူတာ၊ အားသွင်းနေတုန်း ဖုန်းသုံးနေလည်း အားသွင်းနှေးမသွားတာတွေက One Plus ရဲ့ ထင်ရှားတဲ့ အားသာချက်တွေပါ။

နောက်မပါမဖြစ်ကတော့ Never Sette ဆိုတဲ့အတိုင်း One Plus က သူ့နဂို OS ပဲသုံးနေရင်တောင် Update အရမ်းမြန်ပါတယ်။ Google ရဲ့ Nexus, Pixel ဖုန်းတွေပြီးရင် One Plus က အရင်ဆုံး Update ရနေကြဖြစ်သလို နဂိုပါတဲ့ OS ကို မသုံးချင်ဘူးဆိုရင်လည်း များစွာသော Custom ROM တွေကို ပြောင်းလဲနိုင်ပါတယ်။ Root လုပ်လို့၊ ROM change လို့ Warranty မပျက်တဲ့ဖုန်းတွေထဲမှာ One Plus က တစ်ခုအပါအဝင်ပါ။