မတော်တဆများ ဖုန်းအခိုးခံရပြီဆိုရင် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒီထက် အရေးကြီးတာက သင့်ရဲ့ ကိုယ်ရေးကိုယ်တာသာမက လုပ်ငန်းခွင်အတွင်းက ဆောင်ရွက်ချက်များပါ မပေါက်ကြားစေဖို့ ဖုန်းပျောက်ပြီဆိုတာနဲ့ ဒီအချက်လေးတွေကို အရင်ဆုံးလုပ်ပေးပါ။

1. Find my iPhone သို့မဟုတ် Android Device Manager ကို သုံးပါ။

ဖုန်းက တကယ်ပျောက်တာလား။ နေရာအထားမှားတာလားဆိုတာ သေချာအောင် စစ်ပါ။ ပျောက်တာ သေချာရင် အပေါ်က App နှစ်ခုကို သုံးပြီးရှာလို့ရပါတယ်။ အဲ့ဒီ App နှစ်ခုမရှိရင်လည်း စိတ်မပူပါနဲ့။ ဒုတိယ အဆင့်ကို ဆက်သွားပါ။

2. Passwords တွေပြောင်းပါ။

သင့်ရဲ့အရေးကြီးတဲ့ Account တွေ လုပ်ငန်းသုံးအကြောင်းအရာတွေကို Password တွေ Code နံပါတ်တွေ အမြန်ဆုံးပြောင်းပစ်ဖို့ လိုပါတယ်။

3. သင်ဖုန်းပျောက်ပြီဆိုတာကို အတိအလင်းကြေညာပါ။

လုပ်ငန်းခွင်က လူတွေကို ဖုန်းပျောက်သွားကြောင်း ကြိုတင်ဆက်သွယ်ထားပါ။ သူငယ်ချင်းများကိုလည်း အသိပေးထားပါ။ ဒါမှ မိမိဖုန်းနံပါတ်ကို ကောက်ရသူက အလွဲသုံးစားမလုပ်နိုင်မှာ ဖြစ်ပါတယ်။

4. ဘဏ်နဲ့ Credit Card, Insurance Company တွေကို ဆက်သွယ်အကြောင်းကြားပါ။

မိမိဖုန်းကနေတစ်ဆင့် မိမိနဲ့သက်ဆိုင်တာတွေ ယိုစိမ့်မှုမရှိဖို့ ကာကွယ်ရပါမယ်။

5. နောက်ဆုံးတစ်ချက်ကတော့ သက်ဆိုင်ရာ Operator ရုံးသို့သွားပြီး ပျောက်ဆုံးသွားသော နံပါတ်ကို လိုင်းပိတ်ပစ်ဖို့ လိုပါတယ်။

ဒီနံပါတ်ကိုမှ ပြန်သုံးချင်တယ်ဆိုရင်တော့ အသစ်ပြန်လျှောက်ပါ။