Google ကနေ အခုအချိန်မှာ Android Version အသစ်ဖြစ်တဲ့ Android P ကို Pixel Devices နဲ့ အခြားသော စမတ်ဖုန်းအချို့အတွက် Developer Preview အနေနဲ့ ထုတ်ပေးလိုက်ပါပြီ။ အခုလိုမျိုး Android Version အသစ်ဖြစ်တဲ့ Android P မှာ ဘာတွေထူးခြားသွားမလဲဆိုတာကို လေ့လာကြည့်ရအောင်

1. Notch Bar အတွက် Optimize ပြုလုပ်ထားခြင်း

၂၀၁၈ ရဲ့ စမတ်ဖုန်းတွေမှာ Apple iPhone X ကနေ အစပြုခဲ့တဲ့ Notch Bar ဟာ အခုအချိန်မှာတော့ Android စမတ်ဖုန်းတွေကိုလည်း ကူးစက်လာပြီဆိုတာက ငြင်းလို့မရနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ကနေ Android P Developer Preview မှာ Clock Indicator ကို Screen ရဲ့ ဘယ်ဘက်ကို ရွေ့ပေးခဲ့ပြီး Notch Bar ကိုပါ Virtually Simulate ပြုလုပ်နိုင်တဲ့ Feature ကို Developer Option ထဲမှာ ထည့်သွင်းပေးခဲ့ပါတယ်။

2. ပိုပြီး ပြည့်စုံလာတဲ့ Notification Bar ပေါ်က Message Reply Function

Android Version 7.0 Nougat မှာ စတင်ပြီးတော့ တကယ်လို့ ဖုန်းကို Message ဝင်လာတယ်ဆိုရင် အဆိုပါ Message ကို Notification Bar ကနေပဲ Reply Function ကို Google ကထည့်သွင်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခု Android P မှာတော့ အဆိုပါ Function ဟာ ပိုပြီး အဆင့်မြင့်လာပြီးတော့ ဝင်ရောက်လာတဲ့ Message မှာ ဓါတ်ပုံပါတယ်ဆိုရင် အဆိုပါ ဓါတ်ပုံကိုပါ Preview အနေနဲ့ ဖော်ပြပေးသွားမယ့်အပြင် Message Reply တွေမှာလည်း AI ကတစ်ဆင့် Generate ပြုလုပ်ပေးသွားမယ့် Automatic Reply တွေကိုပါ ရရှိလာမှာဖြစ်ပါတယ်။

3. Multi Camera Support

Android P ဟာ Dual Camera စမတ်ဖုန်းတွေကို ပိုပြီးထောက်ပံ့လာမှာဖြစ်ပြီးတော့ အခုအချိန်မှာတော့ ကင်မရာ ၂ ခုနဲ့ အထက်ကို Application တွေက တပြိုင်ထဲအသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Dual Camera လိုအပ်တဲ့ Zooming ၊ Bokeh နဲ့ Stereo Vision တွေကို ယခုထက်ပိုပြီး ဆန်းသစ်စွာအသုံးချလာနိုင်မယ်လို့ ယူဆရပါတယ်။

4. HDR Video တွေနဲ့ HEIF Image Compression ကို ရရှိလာခြင်း

Google Android P ဟာဆိုရင် High Dynamic Range (HDR) VP9 Profile 2 ကို Built-in အနေနဲ့ စတင် Support ပြုလုပ်လာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းထုတ်လုပ်နေသူတွေအနေနဲ့ HDR Video တွေ ရိုက်ကူးနိုင်ဖို့ကို သီးခြားထည့်သွင်းနေဖို့မလိုပဲ Android P ကနေ လွယ်ကူစွာအသုံးချနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုကတော့ ဓါတ်ပုံတွေအတွက် HEIF Image Compression ကို အသုံးပြုလာတာပဲဖြစ်ပါတယ်။ HEIF ဆိုတာကတော့ High Efficiency Image File Format ကို ပြောတာဖြစ်ပြီးတော့ Apple ကနေ iOS 11 မှာ စတင်ပြောင်းလဲအသုံးပြုခဲ့တဲ့ HEIC Format နဲ့ တူညီပါတယ်။ အခုလိုမျိုး Jpeg File Format အစား HEIF Format ကို ပြောင်းလဲအသုံးလာတဲ့အတွက် Android P မှာ ဓါတ်ပုံတွေဟာ သိသိသာသာကို နေရာစားသက်သာသွားမှာဖြစ်ပြီးတော့ Google ရဲ့ ပြောကြားချက်အရ HEIF image တွေကို Jpeg Format ကိုလည်း အလွယ်တကူ Export ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

5. အဆင့်မြှင့်တင်ထားတဲ့ Machine Learning (သို့) Neural Network API 1.1

Google ဟာ ပြီးခဲ့တဲ့ Android Version 8.1 မှာ Neural Network API ကို စတင်မိတ်ဆက်ခဲ့ပြီး Android Devices တွေကို အသုံးပြုမှုအပေါ်မှုတည်ပြီး လိုက်လံ Optimize ပြုလုပ်ပေးနိုင်တဲ့ Machine Learning စနစ်ကို စတင်အသုံးပြုခဲ့ပါတယ်။ အခု Android P မှာတော့ အဆိုပါ Neural Network API ကို Version 1.1 ကို အဆင့်မြှင့်တင်လိုက်ပြီဖြစ်ပြီးတော့ Machine Learning ဟာ နောက်ထပ် လုပ်ဆောင်ချက် ၉ မျိုးအထိကို အသစ်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

6. Visual Changes

Android P ဟာ လက်ရှိ Android Version 8.1 Oreo နဲ့ ယှဉ်ရင် အသုံးပြုမှုအမြင်ပိုင်းမှာ ပြောင်းလဲမှုတွေအများအပြားရှိလာဦးမှာဖြစ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေကတော့ Setting Menu တွေဟာ ယခင်လို မဟုတ်တော့ပဲ အရောင်တစ်မျိုးစီနဲ့ ဖော်ပြတာ၊ Quick Setting Shortcut တွေမှာ Drop-down Feature မပါဝင်တော့တာ၊ Favorite Apps Dock ကိုပြန်ပြီးတော့ Dock ပုံစံ Transparent Color တစ်ခုနဲ့ ဖော်ပြလာတာ၊ Power ခလုတ်ကို ဖိထားရင် Shutdown ၊ Restart တွေအပြင် Screenshot Feature ကို ထည့်သွင်းပေးထားတာ၊ Volume အတိုးအချဲ့ Slider ကိုလည်း ယခင်တုန်းက Landscape အစား Vertical ပုံစံပြောင်းလဲလိုက်တာ အပါအဝင် အများအပြားပြောင်းလဲမှုတွေရှိလာဦးမှာဖြစ်ပါတယ်။

ဒါတွေကတော့ Google Android P Developer Preview မှာပါဝင်တဲ့ အဓိကပြောင်းလဲမှုတွေပဲဖြစ်ပြီးတော့ အခု Developer Preview မှာ ပါတဲ့ Feature တွေထက် Stable Android P မှာ Feature တွေပိုမိုပါဝင်နိုင်ပါသေးတယ်။