လက်ရှိ 4G ကွန်ရက်ထက် ပိုမိုမြန်ဆန်ပြီး တခြားစိတ်ဝင်စားစရာတွေပါ ပါလာနိုင်တဲ့ 5G ကွန်ရက်ကို အားလုံးလဲ စိတ်ဝင်စားနေကြမှာပါ။

Smartphone ထုတ်လုပ်တဲ့ တချို့ကုမ္ပဏီအနည်းစုကတော့ 2019 အစောပိုင်းလောက်မှာ 5G ကွန်ရက်ကိုအသုံးပြုနိုင်တဲ့ ဖုန်းတွေထုတ်ဖို့ ပြင်နေကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီတော်တော်များများကတော့ 2020 လောက်မှ ဖြစ်နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Source: 106.9thex.com

5G ကွန်ရက်အသုံးပြုနိုင်တဲ့ Smartphone တွေကို ဘယ်ကုမ္ပဏီက စောစောထုတ်နိုင်လဲဆိုတာ သိပ်တော့အရေးမကြီးလှပါဘူး။ လူတော်တော်များများက ချက်ခြင်း 5G ကို ပြောင်းသုံးမှာမဟုတ်ဘဲ feedback တွေကိုကြည့်ပြီးမှ ပြောင်းသုံးကြမှာမို့ Smartphone ကုမ္ပဏီတွေက အလောတကြီးမလုပ်သေးတာ ဖြစ်နိုင်ပါတယ်။

U.S ရဲ့ Telecom Company တစ်ခုဖြစ်တဲ့ Verizon ကတော့ 5G ကွန်ရက်ကို 2018 နှစ်ကုန် ဒါမှမဟုတ် 2019 အစောပိုင်းလောက်မှာ သုံးလို့ရမယ်လို့ ပြောထားပါတယ်။ ဒါကြောင့်မို့ 2019 အစောပိုင်းလောက်မှာတော့ ပိုပြီးကောင်းတဲ့ 5G Smartphone တွေကို တွေ့ရနိုင်ပါတယ်။

Source: akuaroworld.com

5G ကွန်ရက်ကို အခြားနိုင်ငံတွေထက်စောပြီး ရနိုင်တဲ့ နိုင်ငံတွေထဲမှာ U.S ပြီးရင် China နဲ့ South Korea က ဦးဆောင်နေပါတယ်။ Europe ကလဲ 5G ကွန်ရက်အတွက် ရင်းနှီးမြှုပ်နှံထားပေမယ့် U.S နဲ့ China ထက် နည်းနည်းတော့ နောက်ကျနေမှာပါ။

ဘာပဲဖြစ်ဖြစ် 5G ကွန်ရက်ကို 2019 လောက်မှာတွေ့ရရင်တောင် 2022 လောက်မှ နေရာအနှံ့အပြားမှာ သုံးလို့ရနိုင်မယ်လို့လဲ ပြောနေကြတဲ့အတွက် စောင့်ကြည့်ရဦးမှာပါ။