ကားတွင်းဖျော်ဖြေရေးစနစ်တွေမှာ စမတ်ဖုန်းတွေနဲ့တွဲဖက်အသုံးပြုလို့ရအောင် Google နဲ့ Apple တို့က သူတို့ OS တွေမှာ Android Auto နဲ့ Apple CarPlay ဆိုပြီးထည့်ပေးခဲ့ပါတယ်။ အခုနောက်ပိုင်း ကားသစ်တော်တော်များများမှာ Android Auto နဲ့တွဲသုံးလို့မရတဲ့ကား မရှိသလောက်ပါပဲ။

Source : Android Auto

ပြည်တွင်းမှပါ လူကြိုက်များတဲ့ Toyota ကတော့ သူတို့ကားအသစ်တွေမှာ Android Auto ကိုထည့်မပေးပဲ Apple CarPlay တစ်မျိုးတည်းကိုပဲ ထည့်သွင်းပေးခဲ့ပါတယ်။ အကြောင်းကတော့ Android Auto ကို လုံခြုံရေးအားနည်းတယ်လို့ ယူဆထားလို့ပါ။ ဒါကလည်း Google ကိုယ်တိုင်က ကားပေါ်မှာ Smart Devices တွေနဲ့ ချိတ်ဆက်အသုံးပြုဖို့အတွက် Android Auto ကို အခုနောက်ပိုင်းမှာ အဆင့်မြှင့်တင်မှုမလုပ်ပေးတာကြောင့်လို့လည်း ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ Google ကနေ Android Auto ကို Wireless အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့ပေမယ့် Google Pixel ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

Android Auto က လုံခြုံရေးအပိုင်းမှာ Apple CarPlay လောက်စိတ်မချရတာကြောင့် နောက်ဆက်တွဲပြဿနာတွေမရှိစေဖို့ သူတို့ကားတွေမှာမထည့်ပဲ Toyota ကချန်ထားခဲ့တာပါ။ 2017 နောက်ပိုင်းမိတ်ဆက်ခဲ့တဲ့ US မှာရောင်းမယ့် Toyota အိမ်စီးကားတော်တော်များများမှာ Apple CarPlay ကိုအထောက်အပံပေးလာပါပြီ။

Google အနေနဲ့ကတော့ သူတို့ရဲ့ Android Auto စနစ်ကို ပိုပြီး အဆင့်မြှင့်တင်ထားဖို့ လိုအပ်တယ်ဆိုတာကို အခုက သက်သေခံနေသလိုပါပဲ။