[Zawgyi]

ဒီႏွစ္အတြက္ ပိုျပီးစိတ္ဝင္စားစရာေကာင္းတဲ့ ဒီဇုိင္းေလးနဲ႔ထြက္ခဲ့တာက ZTE ရဲ႕ Nubia X ပါ။ သူကေတာ့ Screen ၂ခုပါျပီးေတာ့ ေရွ႕ဘက္ Screen က LCD ေနာက္ေက်ာဘက္ Display က OLED နဲ႔ပါ။ လက္ရိွ Flagship ဖုန္းေတြနဲ႔ နည္းနည္းကြဲထြက္ေနတဲ့ ဒီဇုိင္းေလးျဖစ္ေနလို႔ပဲ စိတ္ဝင္စားဖို႔ေကာင္းတာေတာ့ အမွန္ပါပဲ။

အခု ေနာက္ထပ္ သိလာရတဲ့ Feature တစ္ခုက “Wi-Fi Wireless Charge Technology” ဆိုတာေလးပါ။ လက္္ရိွအခ်ိန္မွာက WiFi နဲ႔အားသြင္းမယ္ဆိုတာထက္ Qi Wireless Charging စနစ္ကိုပဲ ပိုေကာင္းေအာင္ျမွင့္ေနရေသးတဲ့အခ်ိန္ဆိုေတာ့ ျဖစ္ႏုိင္မျဖစ္ႏုိင္ ေျပာလို႔မရပါဘူး။ ဒါေပမယ့္ သိရသေလာက္သတင္းေတြအတုိင္းဆို ဒီ ၂၀၁၈ မွာ Wi-Fi ကေန အားသြင္းနဲ႔နည္းပညာကို တီထြင္ထားတ့ဲ ကုမၸဏီ ၂ခုေတာင္ရိွေနပါတယ္။ တစ္ခုကေတာ့ Energous ျဖစ္ျပီးေတာ့ ဒီဇင္ဘာ ၂၀၁၇ ခုနွစ္ကမွ FCC ကေန ခြင့္ျပဳခ်က္ရထားတာပါ။

ေနာက္တစ္ခုက “Flexibility” ဆိုတဲ့ ေကြးညႊတ္ႏုိင္စြမ္းပါ။ ဆိုေတာ့ ေကြးညႊတ္လို႔ရတဲ့ OLED Screen ကိုပဲျမင္ရမလား ေတာ့ မေျပာတတ္ေသးပါဘူး။ ေနာက္ဆံုးမွာေတာ့ သူ႔ရဲ႕ ေစ်းႏႈန္းပါ။ တရုတ္ယြမ္ ၁၀၀၀၀၊ ကန္ေဒၚလာ ၁၄၄၁ ဆိုတဲ့ေစ်းႏႈန္းက Galaxy Note 9 တိ႔ု LG V40 ThinQ တို႔နဲ႔ယွဥ္ရင္ ေတာ္ေတာ္ေစ်းၾကီးေနပါျပီ။ ဖုန္းမွာ တကယ္ပဲ WiFi နဲ႔အားသြင္းတဲ့နည္းပညာပါလာရင္ေတာ့ ဒီနည္းပညာမ်ိဳးနဲ႔ ဒီေစ်းနဲ႔က ထိုက္တန္တယ္လို႔ေျပာလို႔ရေပမယ့္ In-Display Fingerprint ေတြတုန္းကလို ဘယ္သူကမ်ားကူးသြားမလဲဆိုတာေတာ့ ရင္တမမနဲ႔ ၾကည့္ေနရမွာပါ။

Ref: AndroidAuthority

[Unicode]

ဒီနှစ်အတွက် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ ဒီဇိုင်းလေးနဲ့ထွက်ခဲ့တာက ZTE ရဲ့ Nubia X ပါ။ သူကတော့ Screen ၂ခုပါပြီးတော့ ရှေ့ဘက် Screen က LCD နောက်ကျောဘက် Display က OLED နဲ့ပါ။ လက်ရှိ Flagship ဖုန်းတွေနဲ့ နည်းနည်းကွဲထွက်နေတဲ့ ဒီဇိုင်းလေးဖြစ်နေလို့ပဲ စိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပါပဲ။

အခု နောက်ထပ် သိလာရတဲ့ Feature တစ်ခုက “Wi-Fi Wireless Charge Technology” ဆိုတာလေးပါ။ လက်ရှိအချိန်မှာက WiFi နဲ့အားသွင်းမယ်ဆိုတာထက် Qi Wireless Charging စနစ်ကိုပဲ ပိုကောင်းအောင်မြှင့်နေရသေးတဲ့အချိန်ဆိုတော့ ဖြစ်နိုင်မဖြစ်နိုင် ပြောလို့မရပါဘူး။ ဒါပေမယ့် သိရသလောက်သတင်းတွေအတိုင်းဆို ဒီ ၂၀၁၈ မှာ Wi-Fi ကနေ အားသွင်းနဲ့နည်းပညာကို တီထွင်ထားတဲ့ ကုမ္ပဏီ ၂ခုတောင်ရှိနေပါတယ်။ တစ်ခုကတော့ Energous ဖြစ်ပြီးတော့ ဒီဇင်ဘာ ၂၀၁၇ ခုနှစ်ကမှ FCC ကနေ ခွင့်ပြုချက်ရထားတာပါ။

နောက်တစ်ခုက “Flexibility” ဆိုတဲ့ ကွေးညွှတ်နိုင်စွမ်းပါ။ ဆိုတော့ ကွေးညွှတ်လို့ရတဲ့ OLED Screen ကိုပဲမြင်ရမလား တော့ မပြောတတ်သေးပါဘူး။ နောက်ဆုံးမှာတော့ သူ့ရဲ့ ဈေးနှုန်းပါ။ တရုတ်ယွမ် ၁၀၀၀၀၊ ကန်ဒေါ်လာ ၁၄၄၁ ဆိုတဲ့ဈေးနှုန်းက Galaxy Note 9 တိ့ု LG V40 ThinQ တို့နဲ့ယှဉ်ရင် တော်တော်ဈေးကြီးနေပါပြီ။ ဖုန်းမှာ တကယ်ပဲ WiFi နဲ့အားသွင်းတဲ့နည်းပညာပါလာရင်တော့ ဒီနည်းပညာမျိုးနဲ့ ဒီဈေးနဲ့က ထိုက်တန်တယ်လို့ပြောလို့ရပေမယ့် In-Display Fingerprint တွေတုန်းကလို ဘယ်သူကများကူးသွားမလဲဆိုတာတော့ ရင်တမမနဲ့ ကြည့်နေရမှာပါ။

Ref: AndroidAuthority