ကိုယ်အပြင်သွားခါနီးမှာ စမတ်ဖုန်း အားကုန်နေလို့ အားအမြန်ပြည့်အောင် သွင်းချင်နေပါသလား။

ဘက်ထရီ အားအမြန် ပြည့်အောင် သွင်းတဲ့ Charger တွေကလည်း ဖုန်းရဲ့ ဘက်ထရီကို ထိခိုက်စေပါတယ်။

ဒါကြောင့် စမတ်ဖုန်းကို ထိခိုက်မှုမရှိဘဲ အားအမြန်ဝင်တဲ့ နည်းလမ်းလေးကို ဝေမျှချင်ပါတယ်။

ဖုန်းအား အမြန်ပြည့်အောင် ဘယ်လို လုပ်မလဲ။

၁။ Airplane Mode ပြောင်းပြီး သွင်းခြင်း

  • ဖုန်းရဲ့ Settings ကို သွားပါ။
  • Airplane Mode ကို ရှာပြီး ဖွင့်လိုက်ပါ။

  • Airplane Mode ကို ဖွင့်လိုက်ရင် ဖုန်းတွေ လက်ခံလို့မရတော့သလို ဆက်လို့လည်းမရတော့ပါဘူး။ Message တွေ အင်တာနက်တွေလည်း သုံးလို့မရတော့ပါဘူး။
  • Airplane Mode ပြောင်းလိုက်ရင် ဖုန်းအားပြည့်တာ ပိုမြန်လာပါလိမ့်မယ်။

  • ဖုန်း အားပြည့်သွားရင်တော့ Airplane Mode ကို ပြန်ပိတ်လိုက်ပါ။

၂။ ဖုန်း ကို ပိတ်ပြီး သွင်းခြင်း (Power Off)

  • စမတ်ဖုန်းကို ပိတ်လိုက်ပါ။
  • ပြီးမှ Charger ကြိုးကိုတပ်ပြီး အားသွင်းပါ။ ဖုန်းဖွင့်ထားတာထက် အားပြည့်တာ သိသိသာသာ ပိုမြန်ပါလိမ့်မယ်။

စမတ်ဖုန်းအားပြည့်တာ မြန်တာ၊ မမြန်တာကလည်း ဖုန်းတစ်ခုနဲ့တစ်ခု မတူပါဘူး။ အသုံးပြုတဲ့သက်တမ်း ကြာလေလေ ခဏခဏ အားပြန်သွင်းရပြီး အားသွင်းချိန်လည်း ကြာတတ်ပါတယ်။

ဖုန်းရဲ့ အားသွင်းချိန်က ခဏလေးနဲ့ပြည့်ပြီး ခဏလေးနဲ့ ကုန်နေရင်တော့ ဖုန်းဘက်ထရီမှာ ပြဿနာရှိတာကြောင့် ဖုန်းဘက်ထရီ လဲရတာမျိုးလည်းဖြစ်တတ်ပါတယ်။