Touch Screen နဲ့စမတ်ဖုန်းတွေကို လူတိုင်းတော်တော်များများ အသုံးပြုနေကြပါပြီ။ သုံးနည်းမမှန်ရင် စခရင်တွေ နှိပ်ရခက်လာတာ၊ မြန်မြန် ပျက်တာတွေ ကြုံရပါလိမ့်မယ်။

စခရင်ကို လက်သည်းနဲ့မခြစ်မိအောင် ဂရုစိုက်ပါ

မှန်မကွဲကပ်ထားတဲ့ စမတ်ဖုန်းတို့၊ စတစ်ကာ ကပ်ထားတဲ့စမတ်ဖုန်းတို့မှာ ဘာမှမဖြစ်ပေမယ့် အဲ့ဒါတွေ မကပ်ရသေးဘူးဆိုရင်တော့ စခရင်မှာ ခြစ်ရာတွေ ထင်တတ်ပါတယ်။

အရမ်းမဖိပါနဲ့

တချို့ Touch Screen တွေဆိုရင် အရမ်းဖိတာကြာလာရင် နောက်ပိုင်း အရမ်းဖိမှ ခလုတ်မိတာမျိုးတွေ အလွယ်တကူ ပျက်တာတွေ ဖြစ်လာတတ်ပါတယ်။

Touch Screen က လက်ချောင်းတင်လိုက်တာနဲ့သိအောင်လုပ်ထားတာကြောင့် ပြင်းပြင်းထန်ထန် ဖိဖို့ မလိုပါဘူး။

နေရောင် တိုက်ရိုက် ကျတဲ့နေရာမှာ မထားပါနဲ့

စမတ်ဖုန်းတွေကို နေရောင် တိုက်ရိုက်ထိတဲ့နေရာမှာ မထားပါနဲ့။ နေမှာပါဝင်တဲ့ ရောင်ခြည်တွေက စမတ်ဖုန်းရဲ့ ပါးလွှာတဲ့ Gel တွေကို ပျက်စီးသွားပြီး Touch Screen ကို ပျက်စီးတတ်ပါတယ်။

Microfiber အ၀တ်နဲ့ သန့်ရှင်းရေးလုပ်ပေးပါ

စမတ်ဖုန်းရဲ့ Touch Screen ကို မျက်နှာသုတ်တဲ့အစလိုမျိုး Microfiber အ၀တ်နဲ့သန့်ရှင်းရေး လုပ်ပေးပါ။

ဖုန်း Cover တပ်ပေးပါ

တချို့ဖုန်းတွေက လက်ထဲကနေ ချောပြီး လွတ်ကျနိုင်တာကြောင့် ဖုန်း Cover တပ်ပြီးသုံးရင်တော့ အလွယ်တကူ မလွတ်ကျနိုင်ပါဘူး။ ဘယ်လောက်ဘဲ မှန်မကွဲကပ်ကပ် ဖုန်းအောက်ပြုတ်ကျတဲ့အရှိန်ပြင်းရင်တော့ အထဲက မှန်လည်း ကွဲနိုင်ပါတယ်။

Photo Credit: WikiHowto