ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ခုအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ Mytel ကို စတင်ခဲ့သည့်အချိန်မှစ၍ ယခုအချိန်မှာတော့ သုံးစွဲသူဦးရေပေါင်း ၅ သန်းခန့်ရှိသွားပါပြီ။ ဒီလိုရလဒ်ကောင်းနဲ့တင် ကျေနပ်အားရနေမှာမဟုတ်သေးဘဲ၂၀၁၉ ခုနှစ်အကုန်မှာလည်း လက်ရှိအရေအတွက်ထက်ပိုပြီးတော့ ၂ ဆတိုးမြင့်သွားဖို့အထိကို မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအတွင်းမှာ မြန်နှုန်းမြင့် 4G ဒေတာကွန်ရက် ဖြစ်ပေါ်မှုဟာ အားနည်းနေသေးသည့်အတွက်ကြောင့် Mytel အနေနဲ့ လိုအပ်သည့်နေရာမှ အကောင်းဆုံး ပါဝင်ထောက်ပံ့ဖို့ အခွင့်အလမ်းကောင်းတစ်ခုပါပဲ။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်တဲ့ ကွန်ရက်ဆိုင်ရာ အခြေခံအဆောက်အဦး တည်ဆောက်မှုတွေ၊ နည်းပညာမြင့်မားမှုတွေနဲ့ ဆက်သွယ်ရေးဈေးနှုန်းတွေကလည်း သင့်တင့်တဲ့ အနေအထားတစ်ခုရှိနေပြီဆိုပေမယ့်လည်း အခြားတိုးတက်နေတဲ့ နိုင်ငံများဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နဲ့ ထိုင်းနိုင်ငံတို့ဖြင့် နှိုင်းယှဉ်လိုက်သည့်အခါမှာတော့ မြန်မာနိုင်ငံအတွင်းမှာ ဒေတာ ဈေးနှုန်းတွေက မြင့်မားနေဆဲပါပဲ။ လာအိုတွင် တစ်လလျှင် 14 GB၊ ကမ္ဘောဒီးယားမှာ 10 GB သုံးစွဲနိုင်နေသည့်အချိန်မှာ မြန်မာသုံးစွဲသူများအနေနဲ့ကတော့ ပျှမ်းမျှအနေနဲ့ တစ်လလျှင် 4-5 GB သာ အသုံးပြုနိုင်ကြပါတယ်။ တစ်နည်းအားဖြင့်ဆိုရသော် အခြားနိုင်ငံက အရေအတွက်နှင့်ယှဉ်လိုက်သည့်အခါ မြန်မာနိုင်ငံရှိ ဒေတာသုံးစွဲသူအရေအတွက်က ၃၀-၅၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

ထိုမျှသာမက မြန်မာနိုင်ငံအတွင်းမှာ Fixed အင်တာနက် ရောက်ရှိမှုက ၁ ရာခိုင်နှုန်းလောက်သာရှိတာကြောင့် မြန်မာသုံးစွဲသူများအနေနဲ့ ဒေတာအသုံးပြုနိုင်ရန်အတွက် ဖုန်းငွေရဲ့ ၇၀ ရာခိုင်နှုန်းကို အသုံးပြုနေကြရပါတယ်။ တစ်နည်းအားဖြင့် မြန်မာပြည်သူပြည်သားများအတွက် ဒေတာသုံးစွဲမှုဟာ အလွန်အရေးကြီးသည့်အတွက် ဘရော့ဘန်း အင်တာနက် (broadband internet) တွေဟာလည်း သေချာပေါက် လိုအပ်နေပါပြီ။

ဒီလိုမျိုး မြန်မာသုံးစွဲသူတို့ရဲ့ လိုအပ်ချက်တွေကို မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Mytel ကနေပြီး ဘယ်လိုအခန်းကဏ္ဍ ကနေ ဝင်ရောက်ကူညီပေးနိုင်မလဲ။ မြန်နှုန်းမြင့် 4G ဒေတာ နဲ့  ဈေးနှုန်းသက်သာတဲ့ ဒေတာနှုန်းထားတွေ ရရှိနိုင်ဖို့ ဘယ်အရာတွေက ကူညီပြောင်းလဲပေးနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို လူတိုင်းသိချင်ကြမှာ အသေအချာပါပဲ။

ကမ္ဘာ့ဆက်သွယ်ရေးကဏ္ဍရဲ့ အတွေ့အကြုံအရ မိုဘိုင်းလ် ဘရော့ဘန်း (Mobile Broadband) ပျံ့ နှံ့မှုက  အခြေအနေ ၂ ရပ်ပေါ်မူတည်ပြီး ဖြစ်ပေါ်နိုင်ပါတယ်။ မိုဘိုင်းကွန်ရက်တွေက 4G အခြေခံအဆောက်အဦး တည်ဆောက်ဖွဲ့စည်းမှုမှာ ပိုမိုအားစိုက် ရင်းနှီးမြုပ်နှံပြီး သုံးစွဲသူတွေရဲ့ ဝင်ငွေနဲ့ညီမျှတဲ့ ဒေတာနှုန်းထားတွေကို ယူဆောင်လာနိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုအနေအထားတွေကို ဥရောပနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီတို့ရဲ့ သုံးစွဲသူဦးရေ ပြောင်းလဲလာမှုတွေပေါ်မူတည်ပြီး သိရှိနိုင်သလို အထက်မှာ ဖော်ပြခဲ့တဲ့ အချက် ၂ ချက်ကို လိုက်နာလုပ်ဆောင်နိုင်မယ်ဆိုရင် 4G သိပ်သည်းမှုကိုလည်း တစ်နှစ်မှာ ၁၀၀ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားနိုင်မှာပါ။

မြန်မာပြည်တွင်းရှိ သုံးစွဲသူများအနေနဲ့ ပထမဆုံးအကြိမ် ဆက်သွယ်ရေးကဏ္ဍ ပြောင်းလဲဖြစ်တည်ရေးကို တယ်လီနောနဲ့ အူရီးဒူးတို့ ဝင်ရောက်လုပ်ကိုင်တဲ့ အချိန်မှာ ကြုံတွေ့ခဲ့ရပြီးပါပြီ။ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Mytel ရဲ့ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု နဲ့ ခေတ်မီဆန်းသစ်တဲ့ 4G နည်းပညာတွေကို ဈေးကွက်ထဲ ယူဆောင်လာပေးနေတဲ့ ၂၀၁၉ ခုနှစ်ကရော  မြန်မာသုံးစွဲသူတွေအတွက် ဒုတိယအကြိမ်မြောက် ဆက်သွယ်ရေး ကဏ္ဍပြောင်းလဲဖြစ်တည်ရေးကို နောက်တစ်ကြိမ် တွေ့ကြုံခံစားဖို့ ဖြစ်လာနိုင်မလားဆိုတာကို အတူတကွ စောင့်ကြည့်လိုက်ကြပါစို့။