Computers

ှStorage နည်းပါးတဲ့ Tablet တွေမှာပါ အသုံးပြုနိုင်တော့မယ့် Windows 10 Lean Edition

May 12, 2018

ှStorage နည်းပါးတဲ့ Tablet တွေမှာပါ အသုံးပြုနိုင်တော့မယ့် Windows 10 Lean Edition


Share this on:

Microsoft ရဲ့ အသစ်ထွက်လာမယ့် Windows 10 Version ကို Codename – Redstone 5 လို့ နာမည်ပေးထားတာပဲဖြစ်ပါတယ်။ အခု Redstone 5 Version မှာဆိုရင် နောက်ထပ် Edition တစ်ခုထပ်ထွက်လာဦးမှာပဲဖြစ်ပါတယ်။

အခုထပ်မံထွက်လာမယ့် Windows 10 Version အသစ်ကိုတော့ Windows 10 Lean Edition လို့ နာမည်ပေးထားပြီးတော့ အဓိကအနေနဲ့ Storage နည်းပါးတဲ့ Devices တွေမှာ အသုံးပြုဖို့အတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါက Windows 10 S နဲ့တော့ တူညီမှာမဟုတ်ပါဘူး။

Storage နည်းပါးတဲ့ Devices တွေလို့ ပြောတာကတော့ 128GB Storage SSD လိုမျိုးပါတဲ့ Devices တွေတင်မကပဲ Netbook တွေနဲ့ Tablets တွေလိုမျိုး Storage 16GB ပါဝင်တဲ့ Devices တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Install ပြုလုပ်တဲ့ ISO File ကလည်း 2GB ဝန်းကျင်ပဲရှိမှာဖြစ်ပြီးတော့ သာမန်အားဖြင့် မလိုအပ်တဲ့ Application တွေနဲ့ Internet Explorer လို Feature တွေပါဝင်မှာမဟုတ်ပါဘူး။

Twitter အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ Lucan ကတွေ့ရှိခဲ့တာကတော့ အခု Windows 10 Lean Editon ဟာ လက်ရှိ Windows 10 Skip Ahead Build 17650 မှာစတင် ပါဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Microsoft က အခုလိုမျိုး Windows 10 ကို Storage နည်းပါးတဲ့ Devices တွေကို Windows 10 Lean Edition ထပ်မံထုတ်ပေးနေတာက နောက်ပိုင်းမှာ Windows 10 Lean Edition ကို အသုံးပြုလာတဲ့ Tablets တွေရှိလာနိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။

Review

User Rating

0 (0 Votes)