Microsoft ကနေ ပြီးခဲ့တဲ့ Windows 10 April 2018 Update မှာ Windows အသုံးပြုသူတွေအချင်းချင်း Files တွေကို အလွယ်တကူ Share ပေးနိုင်တဲ့ Nearby Share Feature ကို ထည့်သွင်းပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Nearby Share Feature က အခုထက် ပိုပြီး Devices အများအပြားနဲ့ အသုံးပြုနိုင်တော့မယ့် ပုံပါပဲ။

ဘာဖြစ်လို့လဲဆိုရင် အခုအချိန်မှာ Microsoft ကနေ အခု Nearby Share Feature ကို Windows 10 PC တွေအချင်းချင်း အသုံးပြုနိုင်ဖို့တင်မဟုတ်ပဲ Android နဲ့ iOS Devices တွေမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

Microsoft ရဲ့ အခု Nearby Share Feature ဟာ အခုအချိန်မှာ Bluetooth ဒါမှမဟုတ် Wi-Fi ကိုအသုံးပြုပြီးတော့ Files တွေကို Share ပေးနိုင်တဲ့ Feature တစ်ခုဖြစ်ပြီးတော့ Apple ရဲ့ Air Drop Feature နဲ့ ဆင်တူတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် Microsoft ကနေ ဘယ်အချိန်မှာ Nearby Share Feature ကို Android နဲ့ iOS Devices တွေဆီကို ယူဆောင်လာမလဲဆိုတာကို မပြောကြားခဲ့ပေမယ့် ဖြစ်နိုင်တာကတော့ မကြာခင်လပိုင်းတွေမှ ရရှိလာမယ်လို့ ယူဆရပါတယ်။