Computers

Browser ကနေ Virus မဝင်ရောက်အောင် Windows Defender Extensions သုံးကြမယ်

May 15, 2018

Browser ကနေ Virus မဝင်ရောက်အောင် Windows Defender Extensions သုံးကြမယ်


Share this on:

အရင်တုန်းက Windows 7 ကွန်ပျူတာတွေမှာ Windows Security Essential – MSE လို့ သိကြတဲ့ Microsoft ကနေ ကိုယ်တိုင်ထုတ်ထားတဲ့ Anti-virus ကို သိကြမှာပါ။ အဆိုပါ MSE က Windows 8 ၊ 8.1 နဲ့ Windows 10 OS တွေမှာတော့ Windows Defender နာမည်ကို ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

Microsoft ရဲ့ Windows Defender Anti-Virus ဟာ အခုအချိန်မှာ Windows 10 OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေအကုန်လုံးမှာ အသုံးပြုနိုင်နေပြီဖြစ်ပြီး အခြားသော အခကြေးငွေပေးရတဲ့ Anti-Virus တွေလောက်တောင် စွမ်းဆောင်ရည်မြင့်မားနေပြီလို့ ပြောလို့ရပါတယ်။

ဒါပေမယ့် Anti-Virus Program ဆိုတာက စက်ထဲကို Virus ဝင်ရောက်မှသာ ဖယ်ရှားပေးနိုင်တာဖြစ်ပြီးတော့ Web Browsing မှာ အသုံးပြုနေတုန်း Malware ဝင်ရောက်တာတွေကိုတော့ ဖယ်ရှားနိုင်မှာမဟုတ်ပါဘူး။

အဲ့ဒီအတွက် အခုအချိန်မှာတော့ အဆိုပါ Microsoft ရဲ့ Windows Defender က Google Chrome Web Store မှာပါ Extension တစ်ခုထုတ်ပေးလိုက်ပြီ ဖြစ်ပြီးတော့ ကွန်ပျူတာမှာ Web Browsing ပြုလုပ်နေတုန်း Malware ဝင်ရောက်မှုမရှိအောင် တားဆီးပေးသွားမှာပဲဖြစ်ပါတယ်။

Microsoft ကတော့ အခု Window Defender Extension ဟာ အန္တရာယ်ရှိတဲ့ Website Link တွေကို ၉၉ ရာခိုင်နှုန်းအထိ တားဆီးပေးနိုင်တယ်လို့ သိရပြီးတော့ ကိုယ့်ကွန်ပျူတာကို Malware ဝင်ရောက်မှာ စိုးရိမ်နေတယ်ဆိုရင်တော့ အခု Link ကနေ အခုပဲ Window Defender Extension ကို ထည့်သွင်းထားဖို့ လိုမယ်နော်။

Review

User Rating

5 (1 Votes)
error: Alert: Copyright © 2018. MyTech Myanmar