Apple ကုမ္ပဏီက အခုထက်ထိတော့ ကြိုးမဲ့ အားသွင်းစနစ် (Wireless Charging) ကို သုံးပြီး ထုတ်ထားတဲ့ ဖုန်းတွေမရှိသေးပါဘူး။ iPhone 8 မှာတော့ ပါကောင်းလည်း ပါလာနိုင်ပါတယ်။ Samsung ကတော့ Wireless Charging ပါတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်နေပြီဖြစ်ပါတယ်။

Samsung Galaxy S7 နဲ့ S8 တို့က ကြိုးမဲ့ အားသွင်းစနစ် (Wireless Charging) နဲ့ သွင်းလို့ရနေပါပြီ။

ကြိုးမဲ့ အားသွင်းစနစ် (Wireless Charging) ဆိုတာဘာလဲ။

ကြိုးကို ပလပ်ပေါက်နဲ့ တိုက်ရိုက်အားသွင်းစရာမလိုဘဲ Wireless Charging Pad ပေါ်မှာတင်လိုက်တာနဲ့ အားသွင်းပြီးသား ဖြစ်နေတာပါ။

QI Wireless Charger

iPhone အတွက် Wireless Charging ပစ္စည်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် DanForce ကထုတ်တဲ့ QI Wireless Charging ကတော့ Amazon ကနေ မှာယူမှု အများဆုံးပါဘဲ။ ဈေးနှုန်းလည်း အမေရိကန်ဒေါ်လာ ၂၀ လောက်ဘဲ ရှိပါတယ်။

iPhone မှာ အားသွင်းနိုင်ဖို့ Receiver လေးလည်း ၀ယ်ရမှာကြောင့် ဒေါ်လာ ၂၅ ၀န်းကျင်တော့ ကုန်ကျမှာပါ။

Wireless Charging Adapterကို ပလပ်ပေါက်နဲ့ ဆက်သွယ်ထားရမှာဖြစ်ပါတယ်။ ဝေဖာလိုမျိုး အပြားလေးက iPhone နဲ့ ချိတ်ထားပြီး အဲ့ဒီအပြားလေးမှာပါတဲ့ ပလပ်လေးကို iPhone ရဲ့ အားသွင်းတဲ့ ကြိုးထဲထည့်ထားရမှာပါ။

ခုနက အပြားလေးကပ်ထားတဲ့ iPhone ကို Wireless Charging Adapter အပေါ်တင်လိုက်ရုံနဲ့ အားသွင်းပေးနေမှာပါ။

သူက iPhone7,7 Plus, 6S, 6S Plus, 6,6 Plus, 5,5S နဲ့ 5C တို့မှာလည်း သွင်းလို့ရပါတယ်။

မကောင်းတဲ့အချက်

သူက သာမန် ကြိုးနဲ့အားသွင်းတာထက်စာရင်တော့ အားဝင်တာ နည်းနည်းနှေးပါတယ်။ ဒါက Wireless Charging တွေရဲ့ ပုံစံပါ။

Samsung Galaxy S8 ဆိုလည်း USB-C ကြိုးနဲ့ အားသွင်းရင် အားပြည့်ဖို့ ၂နာရီလောက်တောင် မကြာပေမယ့် Wireless Charger နဲ့ဆို ၃ နာရီခွဲလောက်ကြာပါတယ်။