အရမ္းအံ့ၾသထူးဆန္းဖြယ္ရာေတာ့ မဟုတ္ေပမယ့္ ယခု တရားဝင္ မိတ္ဆက္လာတဲ့ Sharp Aquos R2 Compact ဟာ ထူးထူးျခားျခား Notch ႏွစ္ခုကို မ်က္ႏွာျပင္ရဲ႕ အေပၚ၊ ေအာက္မွာ ထည့္သြင္းလာတဲ့ ကမာၻေပၚမွာ ပထမဆုံး Notch ႏွစ္ခုပါတဲ့ ဒီဇုိင္း ျဖစ္ပါတယ္။

နာမည္နဲ႔လုိက္ဖက္ေအာင္ သင့္တင့္တဲ့ Compact ဖုန္းတစ္လုံးျဖစ္ျပီး 5.2” လက္မအရြယ္ Freeform Display ပါဝင္လာတယ္။ အေပၚဘက္ Notch ဟာ 8MP ဆယ္လ္ဖီကင္မရာကို ထည့္သြင္းဖို႔ ျဖစ္ျပီး ေအာက္က Notch ဟာ Fingerprint ဆင္ဆာအတြက္ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ကုိ IGZO Panel သုံးစြဲထားျပီး 1080x2280p Resolution ကို 120Hz Refresh ျမန္ႏႈန္းရွိတယ္။ ဂ်ပန္အေျခစုိက္ Sharp ကုမၸဏီဟာ Razer ရဲ႕ Frame Rate အျမင့္ Screen ေတြကို ေနာက္ကြယ္က ထုတ္လုပ္ေပးေနတဲ့ ကုမၸဏီ ျဖစ္တာကို သိထားသင့္ပါတယ္။

Aquos R2 Compact ဟန္းဆက္ကို Snapdragon 845 Chipset အသုံးျပဳထားျပီး Android 9.0 Pie နဲ႔ စထြက္လာမွာ ျဖစ္တယ္။ မန္မုိရီပုိင္းမွာေတာ့ 4GB RAM / 64GB Storage ပမာဏ ရွိျပီး MicroSD Slot ပါဝင္တာေၾကာင့္ 512 GB ထိ ထပ္မံျမွင့္တင္ႏုိင္မွာပါ။ ငါးလက္မအရြယ္ Display နဲ႔ ဖုန္းေတြမွာ Flagship ပါဝါ ခ်စ္ပ္ဆက္ေတြ မျမင္ရတာ နည္းနည္းၾကာျပီ ျဖစ္လို႔ ဒီလုိအရြယ္အစားကို ၾကိဳက္တဲ့သူေတြအတြက္ အဆင္ေျပမယ့္ ဖုန္းတစ္လုံးျဖစ္တယ္။


အသံပုိင္းမွာ Dolby Atmos စနစ္ပါဝင္ျပီး ဘကၳရီကေတာ့ 2500 mAh ျဖစ္ပါတယ္။ Aquos R2 Compact ကို ေက်ာဘက္မွာ အခရုိင္းလစ္ထည္နဲ႔ တည္ေဆာက္ထားကာ သတၳဳေဘာင္ကြပ္ထားတယ္။ ေက်ာဘက္ ကင္မရာက တစ္လုံးတည္းေပမယ့္ 22.6MP 22mm f/1.9 ျဖစ္ပါတယ္။ Aquos ဟာ နာမည္နဲ႔လိုက္ေအာင္ IP68 အဆင့္ ေရစိမ္ခံပါတယ္။

လက္ရွိအခ်ိန္မွာ ဂ်ပန္ႏုိင္ငံတြင္း ေစ်းကြက္ကိုပဲ အရင္ျဖန္႔ခ်ိခဲ့ေပမယ့္ Aquos R2 Compact ဟာ ေအာင္ျမင္မႈရရွိခဲ့ရင္ ႏုိင္ငံတကာ ေစ်းကြက္ကုိ ထိုးေဖာက္လာႏုိင္သလို ပထမဆုံး Notch ႏွစ္ခု တျပိဳင္တည္း ထည့္ခဲ့တဲ့ ထူးျခားဒီဇုိင္းအျဖစ္လည္း မွတ္တမ္းဝင္ေနမွာပါ။

Ref – GSM Arena

Unicode

အရမ်းအံ့သြထူးဆန်းဖွယ်ရာတော့ မဟုတ်ပေမယ့် ယခု တရားဝင် မိတ်ဆက်လာတဲ့ Sharp Aquos R2 Compact ဟာ ထူးထူးခြားခြား Notch နှစ်ခုကို မျက်နှာပြင်ရဲ့ အပေါ်၊ အောက်မှာ ထည့်သွင်းလာတဲ့ ကမ္ဘာပေါ်မှာ ပထမဆုံး Notch နှစ်ခုပါတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

နာမည်နဲ့လိုက်ဖက်အောင် သင့်တင့်တဲ့ Compact ဖုန်းတစ်လုံးဖြစ်ပြီး 5.2” လက်မအရွယ် Freeform Display ပါဝင်လာတယ်။ အပေါ်ဘက် Notch ဟာ 8MP ဆယ်လ်ဖီကင်မရာကို ထည့်သွင်းဖို့ ဖြစ်ပြီး အောက်က Notch ဟာ Fingerprint ဆင်ဆာအတွက် ဖြစ်ပါတယ်။ မျက်နှာပြင်ကို IGZO Panel သုံးစွဲထားပြီး 1080x2280p Resolution ကို 120Hz Refresh မြန်နှုန်းရှိတယ်။ ဂျပန်အခြေစိုက် Sharp ကုမ္ပဏီဟာ Razer ရဲ့ Frame Rate အမြင့် Screen တွေကို နောက်ကွယ်က ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်တာကို သိထားသင့်ပါတယ်။

Aquos R2 Compact ဟန်းဆက်ကို Snapdragon 845 Chipset အသုံးပြုထားပြီး Android 9.0 Pie နဲ့ စထွက်လာမှာ ဖြစ်တယ်။ မန်မိုရီပိုင်းမှာတော့ 4GB RAM / 64GB Storage ပမာဏ ရှိပြီး MicroSD Slot ပါဝင်တာကြောင့် 512 GB ထိ ထပ်မံမြှင့်တင်နိုင်မှာပါ။ ငါးလက်မအရွယ် Display နဲ့ ဖုန်းတွေမှာ Flagship ပါဝါ ချစ်ပ်ဆက်တွေ မမြင်ရတာ နည်းနည်းကြာပြီ ဖြစ်လို့ ဒီလိုအရွယ်အစားကို ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့် ဖုန်းတစ်လုံးဖြစ်တယ်။


အသံပိုင်းမှာ Dolby Atmos စနစ်ပါဝင်ပြီး ဘက္ထရီကတော့ 2500 mAh ဖြစ်ပါတယ်။ Aquos R2 Compact ကို ကျောဘက်မှာ အခရိုင်းလစ်ထည်နဲ့ တည်ဆောက်ထားကာ သတ္ထုဘောင်ကွပ်ထားတယ်။ ကျောဘက် ကင်မရာက တစ်လုံးတည်းပေမယ့် 22.6MP 22mm f/1.9 ဖြစ်ပါတယ်။ Aquos ဟာ နာမည်နဲ့လိုက်အောင် IP68 အဆင့် ရေစိမ်ခံပါတယ်။

လက်ရှိအချိန်မှာ ဂျပန်နိုင်ငံတွင်း ဈေးကွက်ကိုပဲ အရင်ဖြန့်ချိခဲ့ပေမယ့် Aquos R2 Compact ဟာ အောင်မြင်မှုရရှိခဲ့ရင် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်လာနိုင်သလို ပထမဆုံး Notch နှစ်ခု တပြိုင်တည်း ထည့်ခဲ့တဲ့ ထူးခြားဒီဇိုင်းအဖြစ်လည်း မှတ်တမ်းဝင်နေမှာပါ။

Ref – GSM Arena