News

ကမ္ဘာ့အချမ်းသာဆုံး နံပါတ်ငါး နေရာက Facebook တည်ထောင်သူ Mark Zuckerberg

July 30, 2017

ကမ္ဘာ့အချမ်းသာဆုံး နံပါတ်ငါး နေရာက Facebook တည်ထောင်သူ Mark Zuckerberg

Share this on:

Social Media တစ်ခုဖြစ်တဲ့ Facebook ကိုလူတိုင်းနီးပါးသုံးလာကြပါတယ်။ Facebook User တွေ ချမ်းသာလာလားတော့ မပြောတတ်ပေမယ့် တည်ထောင်သူ မက်ဇူကာဘက်ကတော့ ကမ္ဘာ့အချမ်းသာဆုံး နံပါတ်ငါးစာရင်း ဝင်သွားပါပြီ။

2004 ဖေဖော်ဝါရီလကစတင်တည်ထောင်ခဲ့တဲ့ Facebook ဟာ အဲ့ဒီလေတ်အခါတုန်းက သုံးစွဲသူများကြားမှာ မကျယ်ပြန့်သေးပါဘူး။ 2012 စက်တင်ဘာလမှာတော့ facebook သုံးစွဲသူပေါင်း1 Billion ကျော် ရှိခဲ့ပါတယ်။

Facebook ဟာ သုံးစွဲသူများအကြား ခင်မင်ရင်းနှီးမှု တိုးပွားစေပြီး မိမိရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများနဲ့ ခံစားချက်များကိုပါ ဖော်ပြနိုင်တဲ့ Social Media ဖြစ်လို့ လူငယ်များကြားသာမက လူကြီးပိုင်းများကြားလည်း တွင်ကျယ်လာပြီ ဖြစ်ပါတယ်။

အခက်အခဲများကြားကနေ facebook ကို ကြိုးစားပမ်းစားတည်ထောင်ခဲ့ရပေမယ့် တခြားသော Social Media တွေဖြစ်တဲ့ Twitter, instagram, Snapchat, Whatapp တို့ထက် လူသုံးများလာတာကြောင့် မက်ဇူကာဘက်တစ်ယောက် ကြိုးစားရကြိုးနပ်တယ်လို့ ဆိုရပါမယ်။

Facebook က ရတဲ့အကျိုးအမြတ်တွေဟာ သူ့ဆီကို ဒလဟော ဝင်နေပါပြီ။

ကြော်ငြာနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ပါ ထည့်သွင်းစီစဉ်ထားတာမို့ နိုင်ငံအနှံ့က လုပ်ငန်းရှင်တွေရဲ့ ငွေတွေဟာလည်း ဇူကာဘက်ဆီ ရောက်ရောက်လာတာ ဖြစ်ပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှုဟာ $72.7 Billion ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဇူကာဘက်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ တခြားသော ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းတွေထက် Facebook Stock မှာတင် တော်တော်များများရှိနေတယ်လို့ သတင်းဌာနကြီးတွေက ထုတ်ပြန်ထားပါတယ်။

Review

User Rating

4.5 (2 Votes)