Zawgyi

Xbox ဟာ ေဆာ့ဖ္ဝဲလ္ ကုမၸဏီၾကီး Microsoft ရဲ႕ ထုတ္ကုန္တစ္ခုပါ။ Microsoft ကို လူတိုင္းနီးပါးသိမွာပါ။ ျပည္တြင္းမွာ အသံုးအမ်ားဆံုး Computer Operating System ကို တီထြင္ခဲ့တဲ့ ကုမၸဏီျဖစ္ျပီး ကမၻာ့ထိပ္တန္း ကုမၸဏီေတြထဲမွာ တစ္ခုအပါဝင္ပါပဲ။ သူ႔ရဲ႕ အဓိက ထုတ္ကုန္က Windows ေတြျဖစ္ေပမယ့္ သူ႔ကိုယ္ပိုင္ Laptop ေတြျဖစ္တဲ့ Surface Laptop ေတြကိုလည္း ေရာင္းခ်ပါေသးတယ္။ ထူးျခားခ်က္က Gaming Console လို႔ေခၚတဲ့ ဂိမ္းစက္ေတြကိုပါေရာင္းခ်ေနတာပါ။ Xbox လို႔နာမည္ေပးထားတဲ့ သူ႔ရဲ႕ ဂိမ္းစက္ေတြဟာ Sony ရဲ႕ PlayStation ဂိမ္းစက္ေတြနဲ႔ ျပိဳင္ဘက္ျဖစ္လာပါတယ္။ Xbox ဂိမ္းစက္ေတြဟာ Xbox 360 မွာ စတင္ နာမည္ရလာတာျဖစ္ပါတယ္။

မၾကာေသးခင္ကမွ Xbox One S နဲ႔ Xbox One X တို႔ေပၚမွာ နာမည္ၾကီး Shooting Game ျဖစ္တဲ့ PUBG ေဆာ့ကစားလို႔ရခဲ့ပါတယ္။ ဒါေပမယ့္ PUBG ေဆာ့တဲ့ ေနရာမွာ တစ္ခ်ိဳ႕ လူေတြဟာ ဂိမ္းခလုတ္ထက္ Mouse နဲ႔ေဆာ့ရတာ ပိုသေဘာက် ၾကပါတယ္။ Mouse နဲ႔ ေသနတ္ေတြဘာေတြခ်ိန္တာဟာ ပိုတိက်ျပီး ေဆာ့ရတာ ပိုေကာင္းပါတယ္။ အဲ့အတြက္ မၾကာခင္မွာပဲ Microsoft ကေန Xbox One ေတြအတြက္ Mouse တပ္ျပီး ေဆာ့လို႔ရေအာင္ အေထာက္အပ့ံေပးပါေတာ့မယ္။ Microsoft ရဲ႕ေျပာၾကားခ်က္အရ အဆိုပါ Mouse Support ဟာ Universal Support မဟုတ္ပဲ သက္မွတ္ထားတဲ့ ဂိမ္းေတြမွာပဲ အေထာက္အပ့ံရမွာပါ။

ဝမ္းနည္းစရာသတင္းကေတာ့ အဆိုပါ Mouse Support ဟာ နာမည္ၾကီး Online Shooter ဂိမ္းေတြအတြက္ေတာ့ အေထာက္အပ့ံမေပးဘူးလို႔ဆိုပါတယ္။ တစ္ကယ္တန္း Mouse အေထာက္အပ့ံလိုတာက နာမည္ၾကီး Online Shooter Game ေတြျဖစ္ေပမယ့္ Mouse နဲ႔ေဆာ့ရင္ တစ္ျခား Player ေတြအတြက္ မမွ်တ ျဖစ္သြားမွာမို႔ Online Shooter ဂိမ္းေတြမွာေတာ့ အေထာက္အပ့ံမရေလာက္ပါဘူး။ အခု Mouse အေထာက္အပ့ံဟာ စမ္းသပ္ဆဲ အေျခအေနမွာပဲ ရွိေသးျပီး မၾကာခင္ အခ်ိန္အတြင္းမွာ လူတိုင္း အသံုးျပဳႏိုင္ေတာ့မွာ။

Ref: Engadget

Unicode

Xbox ဟာ ဆော့ဖ်ဝဲလ် ကုမ္ပဏီကြီး Microsoft ရဲ့ ထုတ်ကုန်တစ်ခုပါ။ Microsoft ကို လူတိုင်းနီးပါးသိမှာပါ။ ပြည်တွင်းမှာ အသုံးအများဆုံး Computer Operating System ကို တီထွင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတွေထဲမှာ တစ်ခုအပါဝင်ပါပဲ။ သူ့ရဲ့ အဓိက ထုတ်ကုန်က Windows တွေဖြစ်ပေမယ့် သူ့ကိုယ်ပိုင် Laptop တွေဖြစ်တဲ့ Surface Laptop တွေကိုလည်း ရောင်းချပါသေးတယ်။ ထူးခြားချက်က Gaming Console လို့ခေါ်တဲ့ ဂိမ်းစက်တွေကိုပါရောင်းချနေတာပါ။ Xbox လို့နာမည်ပေးထားတဲ့ သူ့ရဲ့ ဂိမ်းစက်တွေဟာ Sony ရဲ့ PlayStation ဂိမ်းစက်တွေနဲ့ ပြိုင်ဘက်ဖြစ်လာပါတယ်။ Xbox ဂိမ်းစက်တွေဟာ Xbox 360 မှာ စတင် နာမည်ရလာတာဖြစ်ပါတယ်။

မကြာသေးခင်ကမှ Xbox One S နဲ့ Xbox One X တို့ပေါ်မှာ နာမည်ကြီး Shooting Game ဖြစ်တဲ့ PUBG ဆော့ကစားလို့ရခဲ့ပါတယ်။ ဒါပေမယ့် PUBG ဆော့တဲ့ နေရာမှာ တစ်ချို့ လူတွေဟာ ဂိမ်းခလုတ်ထက် Mouse နဲ့ဆော့ရတာ ပိုသဘောကျ ကြပါတယ်။ Mouse နဲ့ သေနတ်တွေဘာတွေချိန်တာဟာ ပိုတိကျပြီး ဆော့ရတာ ပိုကောင်းပါတယ်။ အဲ့အတွက် မကြာခင်မှာပဲ Microsoft ကနေ Xbox One တွေအတွက် Mouse တပ်ပြီး ဆော့လို့ရအောင် အထောက်အပံ့ပေးပါတော့မယ်။ Microsoft ရဲ့ပြောကြားချက်အရ အဆိုပါ Mouse Support ဟာ Universal Support မဟုတ်ပဲ သက်မှတ်ထားတဲ့ ဂိမ်းတွေမှာပဲ အထောက်အပံ့ရမှာပါ။

ဝမ်းနည်းစရာသတင်းကတော့ အဆိုပါ Mouse Support ဟာ နာမည်ကြီး Online Shooter ဂိမ်းတွေအတွက်တော့ အထောက်အပံ့မပေးဘူးလို့ဆိုပါတယ်။ တစ်ကယ်တန်း Mouse အထောက်အပံ့လိုတာက နာမည်ကြီး Online Shooter Game တွေဖြစ်ပေမယ့် Mouse နဲ့ဆော့ရင် တစ်ခြား Player တွေအတွက် မမျှတ ဖြစ်သွားမှာမို့ Online Shooter ဂိမ်းတွေမှာတော့ အထောက်အပံ့မရလောက်ပါဘူး။ အခု Mouse အထောက်အပံ့ဟာ စမ်းသပ်ဆဲ အခြေအနေမှာပဲ ရှိသေးပြီး မကြာခင် အချိန်အတွင်းမှာ လူတိုင်း အသုံးပြုနိုင်တော့မှာ။

Ref: Engadget