Xiaomi ရဲ့ Electronics ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ Mija Brand အောက်ကနေ အခုအချိန်မှာ စမတ်ဖုန်း Stabilizer တစ်ခုဖြစ်တဲ့ Gimbal အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

အခု Xiaomi ရဲ့ Gimbal အသစ်ဟာ 3-Axis Stabilization အပြင် Auto-tracking စနစ်လည်းပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက်လက်ရှိ နာမည်ကြီး Smartphone Gimbal တွေနဲ့ တူညီတယ်လို့ပြောလို့ရပါတယ်။

ဒါပေမယ့် အခု Xiaomi Gimbal မှာ အားသာချက်တစ်ခုပါဝင်ပြီးတော့ အဲ့ဒါကတော့ 5000mAh Battery ပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး Gimbal ကို အသုံးပြုမယ်ဆိုရင် ၁၆ နာရီဆက်တိုက်ကို အသုံးပြုနိုင်မှာပါ။

အခု Xiaomi Gimbal ဟာ Tripod နဲ့ ချိတ်ဆက်နိုင်တဲ့ 1/4-inch Screw base ပါဝင်ပြီးတော့ စမတ်ဖုန်းတပ်ဆင်မယ်ဆိုရင် အလေးချိန် ၂၀၀ ဂရမ်အထိ ရှိမှာဖြစ်ပါတယ်။

Xiaomi ဟာ အခု Gimbal ကို ယွမ် ၆၀၀ (ဒေါ်လာ ၉၀) ဝန်းကျင်နဲ့ ရောင်းချမှာဖြစ်တဲ့အတွက် အခြား DJI Osmo နဲ့ Zhiyun Smooth 4 Gimbal တွေထက် ပိုပြီးဈေးသက်သာမှာဖြစ်ပါတယ်။