[Zawgyi]

Xiaomi ရဲ႕ တစ္သက္မွာ အၾကီးဆံုးဆိုတဲ့ ပြဲၾကီးကို လာမယ့္ ဒီဇင္ဘာမွာ နယူးေယာ့ခ္ျမိဳ႕မွာ က်င္းပေတာ့မွာျဖစ္ပါတယ္။ UK ပြဲျပီး ေနာက္တစ္ရက္မွာ စီစဥ္ထားတာျဖစ္ျပီး ဘယ္ဖုန္း ဘာပစၥည္းကို Demo အေနနဲ႔ျပသမယ္ဆိုတာကို တစ္စြန္းတစ္စေလးေတာင္ မသိရေသးပါဘူး။

“ေနာက္ဆံုးထြက္ အေကာင္းဆံုး Xiaomi ထုတ္ကုန္ေတြကို သံုးစြဲၾကည့္လိုက္ပါ” ဆိုတဲ့ စကားတစ္ခြန္းက Headphone ေတြကစလို႔ Electric Scooter ေတြအဆံုး တျခားဘာပစၥည္းမဆို ျဖစ္ႏုိင္ပါတယ္။ အဲ့ဒီ ၂ခုကေတာ့ US မွာ Mi.com ကေနေရာင္းခ်ေပးေနတဲ့ ပစၥည္းေတြပါ။

ဖုန္းေတြနဲ႔ပတ္သတ္ျပီး အရမ္းကိုနာမည္ၾကီးလာတာ အမွန္ေပမယ့္ US ေစ်းကြက္မွာေတာ့ ေျခမဆန္႔ႏုိင္ေသးသလို ဘာ Official Trailer, Mi, Redmi ဖုန္းမွလည္း မထြက္ဖူးပါဘူး။

အခုက ေျပာင္းလဲျခင္းရဲ႕အစလို႔ပဲ ေျပာရမလား? Xiaomi အေနနဲ႔ US ေစ်းကြက္ကိုဝင္ဖို႔ Carrier တစ္ခုခု Retailer တစ္ဆုိင္ဆိုင္နဲ႔မ်ား ခ်ိတ္မိျပီဆိုရင္ US ေစ်းကြက္က စိတ္ဝင္စားဖို႔ေကာင္းလာပါျပီ။

ဒီႏွစ္အတြင္းမွာတင္ကို Xiaomi  ဖုန္းအလံုးေရေပါင္း သန္း၁၀၀ ေရာင္းခဲ့ရျပီး အေနာက္ႏုိင္ငံဆီထုိးေဖာက္ဖို႔အတြက္လည္း Android One Handset ေတြျဖစ္တဲ့ Mi A2 နဲ႔ A2 Lite ေတြရိွေနပါျပီ။

ပြဲမွာဘာေတြမိတ္ဆက္မလဲသိဖို႔အတြက္ကေတာ့ (Sign-Up) လုပ္လို႔ရပါတယ္။ ေရြးခ်ယ္ခံရျပီဆိုရင္ေတာ့ Xiaomi Team,အထူးဧည့္သည္ေတြနဲ႔ နာမည္ၾကီးဆယ္လီေတြနဲ႔ ေတြ႔ဆံုႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ US မွာ ေျခခ်မွာဆိုေတာ့ US က လူေတြ ပို Chance မ်ားရင္ မ်ားပါလိမ့္မယ္။

Source: GsmArena

[Unicode]

Xiaomi ရဲ့ တစ်သက်မှာ အကြီးဆုံးဆိုတဲ့ ပွဲကြီးကို လာမယ့် ဒီဇင်ဘာမှာ နယူးယော့ခ်မြို့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ UK ပွဲပြီး နောက်တစ်ရက်မှာ စီစဉ်ထားတာဖြစ်ပြီး ဘယ်ဖုန်း ဘာပစ္စည်းကို Demo အနေနဲ့ပြသမယ်ဆိုတာကို တစ်စွန်းတစ်စလေးတောင် မသိရသေးပါဘူး။

“နောက်ဆုံးထွက် အကောင်းဆုံး Xiaomi ထုတ်ကုန်တွေကို သုံးစွဲကြည့်လိုက်ပါ” ဆိုတဲ့ စကားတစ်ခွန်းက Headphone တွေကစလို့ Electric Scooter တွေအဆုံး တခြားဘာပစ္စည်းမဆို ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ၂ခုကတော့ US မှာ Mi.com ကနေရောင်းချပေးနေတဲ့ ပစ္စည်းတွေပါ။

ဖုန်းတွေနဲ့ပတ်သတ်ပြီး အရမ်းကိုနာမည်ကြီးလာတာ အမှန်ပေမယ့် US ဈေးကွက်မှာတော့ ခြေမဆန့်နိုင်သေးသလို ဘာ Official Trailer, Mi, Redmi ဖုန်းမှလည်း မထွက်ဖူးပါဘူး။

အခုက ပြောင်းလဲခြင်းရဲ့အစလို့ပဲ ပြောရမလား? Xiaomi အနေနဲ့ US ဈေးကွက်ကိုဝင်ဖို့ Carrier တစ်ခုခု Retailer တစ်ဆိုင်ဆိုင်နဲ့များ ချိတ်မိပြီဆိုရင် US ဈေးကွက်က စိတ်ဝင်စားဖို့ကောင်းလာပါပြီ။

ဒီနှစ်အတွင်းမှာတင်ကို Xiaomi  ဖုန်းအလုံးရေပေါင်း သန်း၁၀၀ ရောင်းခဲ့ရပြီး အနောက်နိုင်ငံဆီထိုးဖောက်ဖို့အတွက်လည်း Android One Handset တွေဖြစ်တဲ့ Mi A2 နဲ့ A2 Lite တွေရှိနေပါပြီ။

ပွဲမှာဘာတွေမိတ်ဆက်မလဲသိဖို့အတွက်ကတော့ (Sign-Up) လုပ်လို့ရပါတယ်။ ရွေးချယ်ခံရပြီဆိုရင်တော့ Xiaomi Team,အထူးဧည့်သည်တွေနဲ့ နာမည်ကြီးဆယ်လီတွေနဲ့ တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် US မှာ ခြေချမှာဆိုတော့ US က လူတွေ ပို Chance များရင် များပါလိမ့်မယ်။

Source: GsmArena