Xiaomi ဆိုတာက အခုအချိန်မှာ အရည်အသွေးမြင့်စမတ်ဖုန်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်တတ်တဲ့ စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်ဖြစ်ပြီးတော့ အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူအများအပြားရှိနေပြီပဲဖြစ်ပါတယ်။

အခုသတင်းထုတ်ပြန်ချက်တွေအရတော့ Xiaomi ဟာ လက်ရှိအချိန်မှာ တကမ္ဘာလုံးမှာရှိတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေအားလုံးထဲမှာ နံပါတ်(၄) နေရာကို ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ အခုရလဒ်ဟာ ၂၀၁၈ အတွက် ပထမ ၃ လပတ်မှာတင် စမတ်ဖုန်းအလုံးရေ ၂၈.၃ သန်းရောင်းချရသွားတဲ့အတွက် အခုလိုမျိုး နံပါတ် (၄) နေရာကို ရရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Xiaomi ဟာ အခုအချိန်မှာ တရုတ်နိုင်ငံမှာ အကြီးဆုံး BKK Electronics ရဲ့ OPPO စမတ်ဖုန်းကုမ္ပဏီကိုလည်း ကျော်တက်သွားပြီဖြစ်ပြီးတော့ Huawei က တတိယနေရာမှာနဲ့ Apple နဲ့ Samsung က ဒုတိယ နဲ့ ပထမနေရာမှာရှိနေတာဖြစ်ပါတယ်။

Xiaomi ရဲ့ အခုအောင်မြင်မှုဟာ ယခုနှစ်မှာ Xiaomi နေ စမတ်ဖုန်းတွေအများအပြားထုတ်လုပ်နေတယ်ဆိုတာကို သက်သေခံနေတာဖြစ်ပြီးတော့ Xiaomi ကိုယ်တိုင်ကလည်း ဒီနှစ်မှာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ကြေညာထားတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီသတင်းက Xiaomi ချစ်သူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါ။