[Zawgyi]

Xiaomi ရဲ႕ Black Shark 2 ကေတာ့ ၾကားရတဲ့ ေကာလဟလေလး နည္းနည္းေလာက္နဲ႔တင္ကို ေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းေနပါျပီ။ အခုေတာ့ Xiaomi အေနနဲ႔ သူ႔ရဲ႕ Global ဝဘ္ဆုိဒ္အသစ္မွာ တင္ထားတဲ့အတုိင္းဆို သူ႔ရဲ႕ Black Shark 2 ထြက္မယ့္အခ်ိန္ကို သိျပီလို႔ပဲေျပာရမလား?

အေပၚမွာျမင္ခဲ့ရတာက Xiaomi ရဲ႕ Official Black Shark Weibo ကပံုျဖစ္ျပီးေတာ့ (Mi Mix 3 မတိုင္ခင္ ၂ရက္အလို) ေအာက္တိုဘာ ၂၃ရက္ေန႔မွာ မိတ္ဆက္ေတာ့မယ့္အေၾကာင္း ေဖာ္ျပထားတာပါ။ ပြဲကေတာ့ Beijing ျမိဳ႕မွာက်င္းပမွာျဖစ္ျပီးေတာ့  တိုက္ရိုက္အတည္မျပဳေသးေပမယ့္လည္း Xiaomi Black Shark 2 ပဲ ျဖစ္ဖို႔မ်ားပါတယ္။

တကယ္ေတာ့ Black Shark 2 လို႔သာ မွန္းေျပာရေပမယ့္ ဖုန္းရဲ႕နာမည္ကေတာ့ ဘာျဖစ္လာမလဲ မသိႏုိင္ပါဘူး။ အခုခ်ိန္ထိ ထြက္ျပီးသေလာက္ ေကာလဟလေတြအတုိင္းဆို Snapdragon 845 ကိုမွ Liquid Cooling System ေထာက္ပံ့ေပးထားျပီး RAM 8GB, Storage 128GB ကိုမွ ေနာက္ထပ္ Pixelwork ရဲ႕ Graphic Processing chip တစ္ခုအပိုထည့္ထားမယ္လို႔လည္း သိထားရပါတယ္။ ကံေကာင္းစြာနဲ႔ပဲ 5.99″ Full HD+ Display ကိုမွ 18:9 ratio နဲ႔လာျပီး ေက်ာဘက္မွာလည္း ထိပ္ဖက္အလယ္ေခါင္မွာ Dual Camera ေဒါင္လိုက္တပ္ဆင္ထားျပီး သူ႔ေအာက္မွာေတာ့ Fingerprint Reader ထားထားမယ္လို႔ေတာ့ သိရပါတယ္။ ဒါဆို ေအာက္မွာ ထြက္ထားတဲ့ Hands-On Video ေလးကို တစ္ခ်က္ၾကည့္ၾကည့္လိုက္ရေအာင္..

Ref: GsmArena, GizChina

[Unicode]

Xiaomi ရဲ့ Black Shark 2 ကတော့ ကြားရတဲ့ ကောလဟလလေး နည်းနည်းလောက်နဲ့တင်ကို တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ အခုတော့ Xiaomi အနေနဲ့ သူ့ရဲ့ Global ဝဘ်ဆိုဒ်အသစ်မှာ တင်ထားတဲ့အတိုင်းဆို သူ့ရဲ့ Black Shark 2 ထွက်မယ့်အချိန်ကို သိပြီလို့ပဲပြောရမလား?

အပေါ်မှာမြင်ခဲ့ရတာက Xiaomi ရဲ့ Official Black Shark Weibo ကပုံဖြစ်ပြီးတော့ (Mi Mix 3 မတိုင်ခင် ၂ရက်အလို) အောက်တိုဘာ ၂၃ရက်နေ့မှာ မိတ်ဆက်တော့မယ့်အကြောင်း ဖော်ပြထားတာပါ။ ပွဲကတော့ Beijing မြို့မှာကျင်းပမှာဖြစ်ပြီးတော့  တိုက်ရိုက်အတည်မပြုသေးပေမယ့်လည်း Xiaomi Black Shark 2 ပဲ ဖြစ်ဖို့များပါတယ်။

တကယ်တော့ Black Shark 2 လို့သာ မှန်းပြောရပေမယ့် ဖုန်းရဲ့နာမည်ကတော့ ဘာဖြစ်လာမလဲ မသိနိုင်ပါဘူး။ အခုချိန်ထိ ထွက်ပြီးသလောက် ကောလဟလတွေအတိုင်းဆို Snapdragon 845 ကိုမှ Liquid Cooling System ထောက်ပံ့ပေးထားပြီး RAM 8GB, Storage 128GB ကိုမှ နောက်ထပ် Pixelwork ရဲ့ Graphic Processing chip တစ်ခုအပိုထည့်ထားမယ်လို့လည်း သိထားရပါတယ်။ ကံကောင်းစွာနဲ့ပဲ 5.99″ Full HD+ Display ကိုမှ 18:9 ratio နဲ့လာပြီး ကျောဘက်မှာလည်း ထိပ်ဖက်အလယ်ခေါင်မှာ Dual Camera ဒေါင်လိုက်တပ်ဆင်ထားပြီး သူ့အောက်မှာတော့ Fingerprint Reader ထားထားမယ်လို့တော့ သိရပါတယ်။ ဒါဆို အောက်မှာ ထွက်ထားတဲ့ Hands-On Video လေးကို တစ်ချက်ကြည့်ကြည့်လိုက်ရအောင်..

Ref: GsmArena, GizChina