Xiaomi ဟာ အခုနောက်ပိုင်းမှာ ဘယ်လိုမျိုး ဈေးနှုန်းအရပဲဖြစ်ဖြစ် ပေးရတဲ့ဈေးထက် ပိုပြီးတန်တဲ့ စွမ်းဆောင်ရည်ကို ပေးတတ်တဲ့ဖုန်းတွေကိုပဲ ထုတ်လုပ်နေတဲ့အတွက် အသုံးပြုသူတွေကြားမှာ အကြိုက်တွေ့နေတဲ့စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ Xiaomi က စမတ်ဖုန်းတွေအများအပြားကို ထုတ်လုပ်နေပြီးတော့ သုံးစွဲသူတွေ ဝယ်ယူချင်တဲ့ ဈေးပမာဏအကုန်လုံးကို လိုက်ပြီး ဖုန်းတွေထုတ်လုပ်နေတယ်လို့တောင်ပြောလို့ရပါတယ်။ အဲ့ဒီအတွက်လည်း ရောင်းအားက သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Xiaomi က ယခုပထမ ၃ လပတ် အချိန်အတွင်းမှာတင် စမတ်ဖုန်းအလုံးရေ ၂၈ သန်းကျော် တင်ပို့ရောင်းချထားပြီးဖြစ်ပြီးတော့ တကမ္ဘာလုံးမှာရှိတဲ့ စမတ်ဖုန်းဈေးကွက်ရှယ်ယာတွေရဲ့ ၈ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်နေပြီလို့သိရပါတယ်။

အခုလိုမျိုး ရောင်းအားတက်လာတာက ဘယ်လောက်တောင်လဲဆိုရင် မနှစ်ကနဲ့ ယှဉ်မယ်ဆိုရင် ၈၈ ရာခိုင်နှုန်းအထိတောင် အံ့သြဖွယ်တိုးတက်လာတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Xiaomi အနေနဲ့ ဒီနှစ်မှာ မနှစ်ကထက် ပိုပြီး အဆင့်တက်လာမယ်ဆိုတာ ကျိန်းသေနေပါပြီ။

လောလောဆယ်မှာလည်း Xiaomi ကနေ Mi 8 ၊ Redmi 6 လို ဖုန်းတွေအပြင် Mi Max 3 ဖုန်းတွေကိုလည်း မကြာခင်ထုတ်ဦးမှာဆိုတော့ အခုထက်ပိုပြိး ရောင်းအားကောင်းလာဖို့ပဲရှိပါတော့တယ်။