[Zawgyi]

Xiaomi အမႈေဆာင္အရာရွိခ်ဳပ္ Lei Jun ဟာ Mi 9 စမတ္ဖုန္းအတြက္ ပထမဆုံးအႀကိမ္ တရားဝင္ပုံရိပ္ ေတြကို စကၠန္႔အနည္းငယ္သာပါဝင္တဲ့ Teaser ဗီဒီယုိတစ္ခုနဲ႔အတူ တင္လုိက္ပါတယ္။ အဆုိပါ ဗီဒီယုိထဲမွာ Xiaomi Mi9 စမတ္ဖုန္းရဲ႕ ေနာက္ဘက္ကို ေဖာ္ျပထားၿပီး ထူးျခားတဲ့ အေရာင္ေျပးကာလာဟာ အလင္းေရာင္ ထိမွန္ပုံကိုလိုက္ကာ ခရမ္း၊ အျပာနဲ႔ အစိမ္းေရာင္ အမ်ဳိးမ်ဳိး ေဒါင္လိုက္ေျပာင္းလဲေနတာကို ေတြ႕ရပါတယ္။

ဓါတ္ပုံေတြနဲ႔ ဗီဒီယုိမွာ အဓိကေဖာ္ျပခဲ့တာက Mi 9 ဖုန္းရဲ႕ေနာက္ေက်ာဘက္ျဖစ္တာေၾကာင့္ ဖုန္းရဲ႕ ဒီဇုိင္းနဲ႔ ကင္မရာအေနအထားတုိ႔ကို ေသခ်ာျမင္ရမွာပါ။ သူ႕ရဲ႕ကင္မရာဟာ သုံးလုံးတြဲျဖစ္ၿပီး Sensor သုံးခုရဲ႕ ေအာက္မွာ ဖလက္ရွ္မီးငယ္ကို ေတြ႕ရမွာပါ။ ဒါဟာ Mi စီးရီးအတြက္ေတာ့ အသစ္အဆန္းတစ္ခုျဖစ္ၿပီး Mi 9 ရဲ႕ ဒီဇုိင္းကို Mi 6 စမတ္ဖုန္း ဒီဇုိင္းဖန္တီးခဲ့သူကပဲ ဆက္လက္ဖန္တီးထားတာ ျဖစ္ပါတယ္။

Xiaomi Mi 9 စမတ္ဖုန္းကို Galaxy S10 စီးရီးလုိပဲ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ မိတ္ဆက္လာမွာပါ။ Teaser ကမ္ပိန္းအေနနဲ႔ Xiaomi ဟာ သူတုိ႔ရဲ႕ 48MP ကင္မရာနဲ႔ ရုိက္ကူးထားတဲ့ ဓါတ္ပုံအခ်ဳိ႕ကို တင္ျပခဲ့သလို အလြန္လွ်င္ျမန္မယ့္ အားအျမန္သြင္းစနစ္ကိုလည္း အရိပ္အျမြက္ေဖာ္ျပခဲ့ပါတယ္။

အေရွ႕မွာထြက္ခဲ့တဲ့ သတင္းေတြအရဆုိရင္ Xiaomi Mi 9 ဟာ 6.4” လက္မအရြယ္ FHD+ AMOLED Display ပါဝင္လာမွာျဖစ္ကာ ေရွ႕ဘက္မွာ 24MP ဆယ္ဖီကင္မရာပါဝင္တဲ့ Water-drop Notch နဲ႔ျဖစ္ပါတယ္။ Snapdragon 855 SoC နဲ႔အတူ မန္မုိရီပုိင္းက 6 / 128GB နဲ႔ထြက္လာမွာပါ။

Ref – GSM Arena

[Unicode]

Xiaomi အမှုဆောင်အရာရှိချုပ် Lei Jun ဟာ Mi 9 စမတ်ဖုန်းအတွက် ပထမဆုံးအကြိမ် တရားဝင်ပုံရိပ် တွေကို စက္ကန့်အနည်းငယ်သာပါဝင်တဲ့ Teaser ဗီဒီယိုတစ်ခုနဲ့အတူ တင်လိုက်ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ Xiaomi Mi9 စမတ်ဖုန်းရဲ့ နောက်ဘက်ကို ဖော်ပြထားပြီး ထူးခြားတဲ့ အရောင်ပြေးကာလာဟာ အလင်းရောင် ထိမှန်ပုံကိုလိုက်ကာ ခရမ်း၊ အပြာနဲ့ အစိမ်းရောင် အမျိုးမျိုး ဒေါင်လိုက်ပြောင်းလဲနေတာကို တွေ့ရပါတယ်။

ဓါတ်ပုံတွေနဲ့ ဗီဒီယိုမှာ အဓိကဖော်ပြခဲ့တာက Mi 9 ဖုန်းရဲ့နောက်ကျောဘက်ဖြစ်တာကြောင့် ဖုန်းရဲ့ ဒီဇိုင်းနဲ့ ကင်မရာအနေအထားတို့ကို သေချာမြင်ရမှာပါ။ သူ့ရဲ့ကင်မရာဟာ သုံးလုံးတွဲဖြစ်ပြီး Sensor သုံးခုရဲ့ အောက်မှာ ဖလက်ရှ်မီးငယ်ကို တွေ့ရမှာပါ။ ဒါဟာ Mi စီးရီးအတွက်တော့ အသစ်အဆန်းတစ်ခုဖြစ်ပြီး Mi 9 ရဲ့ ဒီဇိုင်းကို Mi 6 စမတ်ဖုန်း ဒီဇိုင်းဖန်တီးခဲ့သူကပဲ ဆက်လက်ဖန်တီးထားတာ ဖြစ်ပါတယ်။

Xiaomi Mi 9 စမတ်ဖုန်းကို Galaxy S10 စီးရီးလိုပဲ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မိတ်ဆက်လာမှာပါ။ Teaser ကမ်ပိန်းအနေနဲ့ Xiaomi ဟာ သူတို့ရဲ့ 48MP ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံအချို့ကို တင်ပြခဲ့သလို အလွန်လျှင်မြန်မယ့် အားအမြန်သွင်းစနစ်ကိုလည်း အရိပ်အမြွက်ဖော်ပြခဲ့ပါတယ်။

အရှေ့မှာထွက်ခဲ့တဲ့ သတင်းတွေအရဆိုရင် Xiaomi Mi 9 ဟာ 6.4” လက်မအရွယ် FHD+ AMOLED Display ပါဝင်လာမှာဖြစ်ကာ ရှေ့ဘက်မှာ 24MP ဆယ်ဖီကင်မရာပါဝင်တဲ့ Water-drop Notch နဲ့ဖြစ်ပါတယ်။ Snapdragon 855 SoC နဲ့အတူ မန်မိုရီပိုင်းက 6 / 128GB နဲ့ထွက်လာမှာပါ။

Ref – GSM Arena