[Zawgyi]

ၿပီးခဲ့တဲ့ရက္ပုိင္းကမွ Xiaomi ဟာ 48MP ကင္မရာပါတဲ့ Redmi ဖုန္းအသစ္ကို မိတ္ဆက္ခဲ့တာပါ။ ဒါေပမယ့္ တရုတ္အေျခစုိက္ကုမၸဏီဟာ ေနာက္ထပ္ Flagship ဖုန္းတစ္လုံးကို ႀကိဳတင္ျပင္ဆင္ေနႏွင့္ၿပီျဖစ္ၿပီး Xiaomi Cepheus လို႔အမည္ေပးထားတဲ့ ဖုန္းဟာ Geekbench ေပၚသို႔ Snapdragon 855 ႏွင့္အတူ ေရာက္လာခဲ့ပါတယ္။

XDA မွျပဳလုပ္ခဲ့တဲ့ APK-teardown ထဲမွာ “Cepheus” ဆုိတဲ့ ကုဒ္နာမည္ကို တစ္ခါျမင္ဖူးခဲ့ၿပီးသား ျဖစ္ကာ 48MP ကင္မရာ၊ In-Display Fingerprint နဲ႔ Always-on Display Mode တုိ႔ကို ေတြ႕ရွိခဲ့ဖူးပါတယ္။

ဒါေၾကာင့္ ဒီဖုန္းအသစ္ဟာ Mi အမွတ္တံဆိပ္အတြက္ Flagship အသစ္ျဖစ္တာ က်ိန္းေသသေလာက္ ရွိေနၿပီး Xiaomi Mi 9 လို႔ ယူဆရတယ္။ Snapdragon 855 ခ်စ္ပ္ဆက္ကို Mi Mi 3 ရဲ႕ 5G ဗားရွင္းမွာလည္း အသုံးျပဳလာမွာျဖစ္ေပမယ့္ ကင္မရာကိုေတာ့ ေျပာင္းလဲလာႏုိင္ပါတယ္။

Cepheus ဖုန္းမွာ Android 9 Pie နဲ႔စတင္လာၿပီး မန္မုိရီ 6GB RAM ပါဝင္တယ္။ Mi 8 မွာလည္း အေျခခံအျဖစ္ 6GB RAM ကိုအသုံးျပဳခဲ့လုိ႔ ဆန္းေတာ့မဆန္းပါဘူး။ Benchmark ရလဒ္ေတြကေတာ့ ဒီေန႔အေစာပိုင္းမွာ ထြက္ခဲ့တဲ့ SD855 ကိုပဲအသုံးျပဳထားတဲ့ Galaxy S10 Lite ဖုန္းထက္ ပိုၿပီးေမွ်ာ္လင့္ထားတာနဲ႔ နီးစပ္ပါတယ္။

အခုအပတ္တြင္းမွာ Redmi ဖုန္းအသစ္ႏွစ္လုံးကိုလည္း ျမင္ေတြ႕ရဖို႔မ်ားၿပီး 48MP ကင္မရာပါတဲ့ Redmi နဲ႔ Redmi Note အသစ္တုိ႔ ျဖစ္ပါတယ္။ Mi 8 ကို လြန္ခဲ့တဲ့ေမလမွာ မိတ္ဆက္ခဲ့တာေၾကာင့္ Mi 9 ကေတာ့ လအနည္းငယ္ ၾကာဦးမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ရက်ပိုင်းကမှ Xiaomi ဟာ 48MP ကင်မရာပါတဲ့ Redmi ဖုန်းအသစ်ကို မိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီဟာ နောက်ထပ် Flagship ဖုန်းတစ်လုံးကို ကြိုတင်ပြင်ဆင်နေနှင့်ပြီဖြစ်ပြီး Xiaomi Cepheus လို့အမည်ပေးထားတဲ့ ဖုန်းဟာ Geekbench ပေါ်သို့ Snapdragon 855 နှင့်အတူ ရောက်လာခဲ့ပါတယ်။

XDA မှပြုလုပ်ခဲ့တဲ့ APK-teardown ထဲမှာ “Cepheus” ဆိုတဲ့ ကုဒ်နာမည်ကို တစ်ခါမြင်ဖူးခဲ့ပြီးသား ဖြစ်ကာ 48MP ကင်မရာ၊ In-Display Fingerprint နဲ့ Always-on Display Mode တို့ကို တွေ့ရှိခဲ့ဖူးပါတယ်။

ဒါကြောင့် ဒီဖုန်းအသစ်ဟာ Mi အမှတ်တံဆိပ်အတွက် Flagship အသစ်ဖြစ်တာ ကျိန်းသေသလောက် ရှိနေပြီး Xiaomi Mi 9 လို့ ယူဆရတယ်။ Snapdragon 855 ချစ်ပ်ဆက်ကို Mi Mi 3 ရဲ့ 5G ဗားရှင်းမှာလည်း အသုံးပြုလာမှာဖြစ်ပေမယ့် ကင်မရာကိုတော့ ပြောင်းလဲလာနိုင်ပါတယ်။

Cepheus ဖုန်းမှာ Android 9 Pie နဲ့စတင်လာပြီး မန်မိုရီ 6GB RAM ပါဝင်တယ်။ Mi 8 မှာလည်း အခြေခံအဖြစ် 6GB RAM ကိုအသုံးပြုခဲ့လို့ ဆန်းတော့မဆန်းပါဘူး။ Benchmark ရလဒ်တွေကတော့ ဒီနေ့အစောပိုင်းမှာ ထွက်ခဲ့တဲ့ SD855 ကိုပဲအသုံးပြုထားတဲ့ Galaxy S10 Lite ဖုန်းထက် ပိုပြီးမျှော်လင့်ထားတာနဲ့ နီးစပ်ပါတယ်။

အခုအပတ်တွင်းမှာ Redmi ဖုန်းအသစ်နှစ်လုံးကိုလည်း မြင်တွေ့ရဖို့များပြီး 48MP ကင်မရာပါတဲ့ Redmi နဲ့ Redmi Note အသစ်တို့ ဖြစ်ပါတယ်။ Mi 8 ကို လွန်ခဲ့တဲ့မေလမှာ မိတ်ဆက်ခဲ့တာကြောင့် Mi 9 ကတော့ လအနည်းငယ် ကြာဦးမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena