Zawgyi Font Version

Xiaomi ဟာ ကမၻာတစ္ဝွမ္းက သူ႔ရဲ႕ Fan ေတြကို အသစ္အသစ္ေသာ ပစၥည္းေတြနဲ႔ အံ့အားသင့္ေအာင္လုပ္ေလ့ရွိပါတယ္။ ထင္မွတ္မထားပဲ Smartphone အသစ္ေတြမိတ္ဆက္ေလ့ရွိျပီး Price to Performance Ratio အရမ္းေကာင္းတဲ့ ဖုန္းေတြထုတ္လုပ္တာေၾကာင့္ လူအမ်ားအသိအမွတ္ျပဳျခင္းခံထားရတဲ့ Brand တစ္ခုျဖစ္ပါတယ္။ အခုလက္ရွိ Xiaomi ရဲ႕ ကမၻာတစ္ဝွမ္းမွာနာမည္ၾကီးေနတဲ့ Flagship Phone ကေတာ့ Mi 8 ပါ။ ဒါေပမယ့္ Xiaomi ဟာ ဖုန္းအသစ္ တစ္လံုးထြက္လာတာနဲ႔ ရပ္မေနပဲ အဆိုပါဖုန္းရဲ႕ Model အခြဲေတြဆက္ထုတ္ေလ့ရွိတာကို Mi6, Mi6X အစရွိတဲ့ ဖုန္းေတြၾကည့္ျပီးသိႏိုင္ပါတယ္။ အခုလည္း သူ႔ရဲ႕ Flagship Mi 8 ကို အဆင့္ျမွင့္တင္ထားတဲ့ Mi 8 Pro ကို ႏိုင္ငံတကာေစ်းကြက္မွာေရာင္းခ်သြားမယ္လို႔ အတည္ျပဳလိုက္ပါျပီ။ ကမၻာတစ္လႊားက Mi Fan ေတြအတြက္ ဝမ္းသာစရာပါပဲ။

အမွန္တစ္ကယ္ေတာ့ Mi 8 Pro ဟာ တရုတ္ ျပည္တြင္းမွာ ေရာင္းခ်ခဲ့တဲ့ Mi 8 Explorer Edition (ေခၚ) Mi 8 EE ရဲ႕ Global Version သာျဖစ္ပါတယ္။ Mi 8 Pro ကိုေရာင္းခ်မယ္ဆိုတဲ့ သတင္းကို Xiaomi Global ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Donovan Sung ဆိုသူက Twitter ကေနတစ္ဆင့္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ Twitter ေပၚတင္ခဲ့တဲ့ Post မွာ Mi 8 Pro ရဲ႕ Package ဗူးေတြနဲ႔ အတူ Mi 8 Pro ရဲ႕ ပံုေတြကိုပါ ျပသခဲ့တာပါ။

တရုတ္ျပည္တြင္းမွာ ထြက္ရွိထားတဲ့ Mi 8 EE အတိုင္းပဲ (၆.၂၆) လက္မရွိတဲ့ AMOLED Display ကိုသံုးထားျပီး Display ထိပ္ဘက္က Notch ထဲမွာ 3D Face Unlock ကို Support ေပးတဲ့ Sesnor ေတြထည့္သြင္းေပးထားပါတယ္။ Mi 8 EE လိုပဲ In-Display Fingerprint Scanner ထည္သြင္းေပးထားပါတယ္။ က်န္တဲ့ Internal Spec ေတြကေတာ့ Mi 8 EE နဲ႔အတူတူပဲျဖစ္ျပီး Ocher Black နဲ႔ ေနာက္ေက်ာဘက္ ေဖာက္ထြင္းျမင္ရတဲ့ Transparent Black ဆိုတဲ့ အေရာင္ႏွစ္မ်ိဳးအျပင္ အေရာင္ဆန္းတစ္ေရာင္ျဖစ္တဲ့ Twilight Gold ဆိုတဲ့ ေရာင္ေျပး ကာလာတစ္မ်ိဳးနဲ႔ပါရရွိမွာပါ။

Snapdragon 845 အသံုးျပဳထားတဲ့ အဆိုပါ Xiaomi ရဲ႕ Flagship ဖုန္းကို မၾကာခင္ ႏိုင္ငံတကာေစ်းကြက္မွာရရွိေတာ့မွာျဖစ္ျပီး တရုတ္ျပည္တြင္းအလံုးျဖစ္တဲ့ Mi 8 EE ထက္ကို ေစ်းၾကီးမွာေတာ့ အေသအခ်ာပါ။ 3D Face Unlock စနစ္ရယ္ In-Display Fingerprint Sensor နဲ႔ AR Sticker ေတြလိုထူးျခားဆန္းသစ္တဲ့ နည္းပညာေတြအသံုးျပဳထားတာေၾကာင့္ လက္ရွိ Flagship ျဖစ္တဲ့ Mi 8 ကို အမ်ားၾကီးအဆင့္ျမွင့္တင္မွုလုပ္ေပးထားတဲ့ ဖုန္းတစ္လံုးလို႔ေျပာရင္လည္း မမွားပါဘူး။

Ref: Xiaomitoday

Unicode Version

Xiaomi ဟာ ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့ Fan တွေကို အသစ်အသစ်သော ပစ္စည်းတွေနဲ့ အံ့အားသင့်အောင်လုပ်လေ့ရှိပါတယ်။ ထင်မှတ်မထားပဲ Smartphone အသစ်တွေမိတ်ဆက်လေ့ရှိပြီး Price to Performance Ratio အရမ်းကောင်းတဲ့ ဖုန်းတွေထုတ်လုပ်တာကြောင့် လူအများအသိအမှတ်ပြုခြင်းခံထားရတဲ့ Brand တစ်ခုဖြစ်ပါတယ်။ အခုလက်ရှိ Xiaomi ရဲ့ ကမ္ဘာတစ်ဝှမ်းမှာနာမည်ကြီးနေတဲ့ Flagship Phone ကတော့ Mi 8 ပါ။ ဒါပေမယ့် Xiaomi ဟာ ဖုန်းအသစ် တစ်လုံးထွက်လာတာနဲ့ ရပ်မနေပဲ အဆိုပါဖုန်းရဲ့ Model အခွဲတွေဆက်ထုတ်လေ့ရှိတာကို Mi6, Mi6X အစရှိတဲ့ ဖုန်းတွေကြည့်ပြီးသိနိုင်ပါတယ်။ အခုလည်း သူ့ရဲ့ Flagship Mi 8 ကို အဆင့်မြှင့်တင်ထားတဲ့ Mi 8 Pro ကို နိုင်ငံတကာဈေးကွက်မှာရောင်းချသွားမယ်လို့ အတည်ပြုလိုက်ပါပြီ။ ကမ္ဘာတစ်လွှားက Mi Fan တွေအတွက် ဝမ်းသာစရာပါပဲ။

အမှန်တစ်ကယ်တော့ Mi 8 Pro ဟာ တရုတ် ပြည်တွင်းမှာ ရောင်းချခဲ့တဲ့ Mi 8 Explorer Edition (ခေါ်) Mi 8 EE ရဲ့ Global Version သာဖြစ်ပါတယ်။ Mi 8 Pro ကိုရောင်းချမယ်ဆိုတဲ့ သတင်းကို Xiaomi Global ရဲ့ ပြောရေးဆိုခွင့်ရှိသူ Donovan Sung ဆိုသူက Twitter ကနေတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။ Twitter ပေါ်တင်ခဲ့တဲ့ Post မှာ Mi 8 Pro ရဲ့ Package ဗူးတွေနဲ့ အတူ Mi 8 Pro ရဲ့ ပုံတွေကိုပါ ပြသခဲ့တာပါ။

တရုတ်ပြည်တွင်းမှာ ထွက်ရှိထားတဲ့ Mi 8 EE အတိုင်းပဲ (၆.၂၆) လက်မရှိတဲ့ AMOLED Display ကိုသုံးထားပြီး Display ထိပ်ဘက်က Notch ထဲမှာ 3D Face Unlock ကို Support ပေးတဲ့ Sesnor တွေထည့်သွင်းပေးထားပါတယ်။ Mi 8 EE လိုပဲ In-Display Fingerprint Scanner ထည်သွင်းပေးထားပါတယ်။ ကျန်တဲ့ Internal Spec တွေကတော့ Mi 8 EE နဲ့အတူတူပဲဖြစ်ပြီး Ocher Black နဲ့ နောက်ကျောဘက် ဖောက်ထွင်းမြင်ရတဲ့ Transparent Black ဆိုတဲ့ အရောင်နှစ်မျိုးအပြင် အရောင်ဆန်းတစ်ရောင်ဖြစ်တဲ့ Twilight Gold ဆိုတဲ့ ရောင်ပြေး ကာလာတစ်မျိုးနဲ့ပါရရှိမှာပါ။

Snapdragon 845 အသုံးပြုထားတဲ့ အဆိုပါ Xiaomi ရဲ့ Flagship ဖုန်းကို မကြာခင် နိုင်ငံတကာဈေးကွက်မှာရရှိတော့မှာဖြစ်ပြီး တရုတ်ပြည်တွင်းအလုံးဖြစ်တဲ့ Mi 8 EE ထက်ကို ဈေးကြီးမှာတော့ အသေအချာပါ။ 3D Face Unlock စနစ်ရယ် In-Display Fingerprint Sensor နဲ့ AR Sticker တွေလိုထူးခြားဆန်းသစ်တဲ့ နည်းပညာတွေအသုံးပြုထားတာကြောင့် လက်ရှိ Flagship ဖြစ်တဲ့ Mi 8 ကို အများကြီးအဆင့်မြှင့်တင်မှုလုပ်ပေးထားတဲ့ ဖုန်းတစ်လုံးလို့ပြောရင်လည်း မမှားပါဘူး။

Ref: Xiaomitoday