[Zawgyi]

Xiaomi ဟာ သူတို႔ရဲ႕ ၂၀၁၆ထုတ္ အထင္ကရ ဖုန္းႏွစ္လုံးျဖစ္တဲ့ Mi 5 နဲ႔ Redmi Note 3 ေတြအတြက္ Software ေထာက္ပံ့မႈကို ရပ္တန႔္လိုက္ၿပီျဖစ္တယ္လို႔ တရားဝင္ မွတ္ခ်က္ေပးလိုက္ပါတယ္။ Mi 5 ဟာ ၂၀၁၆ Flagship ျဖစ္ေပမယ့္ Redmi Note 3 ကေတာ့ ေဈးခ်ိဳတဲ့ ဖုန္းတစ္လုံးျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ႏွစ္လုံးစလုံးအတြက္ Software ေထာက္ပံ့မႈ မရွိေတာ့ပါဘူး။

ဒါေပမယ့္ ဒီဖုန္းႏွစ္လုံးအတြက္ ေနာက္ဆုံးတစ္ႀကိမ္ Software Update ေတာ့ က်န္ရွိေနပါေသးတယ္။ ဒါက မၾကာခင္ ထုတ္လႊတ္ေပးမယ့္ MIUI Global ROM stable ပဲျဖစ္ပါတယ္။ ဒါၿပီးရင္ေတာ့ ေနာက္ထပ္မလာေတာ့ပါဘူး။ ေနရစ္ခဲ့ေတာ့ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဖုန္းႏွစ္လုံးအတြက္ Beta Team ေတြကိုလည္း Final OTA update ထြက္ၿပီးတာနဲ႔ ဖ်က္သိမ္းလိုက္ေတာ့မွာ ျဖစ္ပါတယ္။

ဒီသတင္းေၾကာင့္ တရားဝင္ MIUI ဖိုရမ္မွာ Xiaomi သုံးစြဲသူ (အထူးသျဖင့္ Mi 5 နဲ႔ Redmi Note 3 သုံးစြဲသူ) အေတာ္မ်ားမ်ားက မေက်မနပ္ျဖစ္ေနၾကတယ္လို႔ ဆိုပါတယ္။ ျပႆနာရဲ႕ တစ္ျခားဘက္မွာ ရွိေနတာကေတာ့ ဒီလိုပါ။ ပထမပိုင္းမွာ Xiaomi ဟာ ဖုန္းေတြကို အေျမာက္အမ်ားထုတ္ခဲ့ၿပီး ႏွစ္အလိုက္ Software ေထာက္ပံ့မႈေတြ လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္ေတြၾကာလာေတာ့ ကုန္က်စရိတ္က ပိုမ်ားလာတာပဲ ျဖစ္ပါတယ္။

ဒုတိယအခ်က္က ဒီဖုန္းႏွစ္လုံးရဲ႕ ထုတ္လုပ္မႈသက္တမ္းက သုံးႏွစ္နီးပါး ျဖစ္ေနပါၿပီ။ ဒီသုံးႏွစ္တာ ကာလအတြင္းမွာ စမတ္ဖုန္းေပါင္းမ်ားစြာကို ဆက္ၿပီးထုတ္ခဲ့ၿပီးပါၿပီ။ အလားတူပဲ ဖုန္းေတြရဲ႕ အေျခခံအခ်က္အလက္ေတြကလည္း ေျပာင္းလဲေနၾကပါၿပီ။ ဒီေတာ့ Xiaomi အေနနဲ႔ ၂ ႏွစ္ေက်ာ္ၾကာခဲ့ၿပီးေနာက္ပိုင္းမွာေတာင္ ဒီဖုန္းႏွစ္လုံးအတြက္ Software ေထာက္ပံ့ေပးခဲ့တာကိုပဲ ေက်းဇူးတင္ရမလို ျဖစ္ေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီဖုန္းႏွစ္လုံးက “အိုပယ္” လိုမ်ိဳး ျဖစ္သြားရတာေတာ့ စိတ္မေကာင္းစရာ အမွန္ပါ။

 

Ref: GSMarena

 

[Unicode]

Xiaomi ဟာ သူတို့ရဲ့ ၂၀၁၆ထုတ် အထင်ကရ ဖုန်းနှစ်လုံးဖြစ်တဲ့ Mi 5 နဲ့ Redmi Note 3 တွေအတွက် Software ထောက်ပံ့မှုကို ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ တရားဝင် မှတ်ချက်ပေးလိုက်ပါတယ်။ Mi 5 ဟာ ၂၀၁၆ Flagship ဖြစ်ပေမယ့် Redmi Note 3 ကတော့ ဈေးချိုတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်လုံးစလုံးအတွက် Software ထောက်ပံ့မှု မရှိတော့ပါဘူး။

ဒါပေမယ့် ဒီဖုန်းနှစ်လုံးအတွက် နောက်ဆုံးတစ်ကြိမ် Software Update တော့ ကျန်ရှိနေပါသေးတယ်။ ဒါက မကြာခင် ထုတ်လွှတ်ပေးမယ့် MIUI Global ROM stable ပဲဖြစ်ပါတယ်။ ဒါပြီးရင်တော့ နောက်ထပ်မလာတော့ပါဘူး။ နေရစ်ခဲ့တော့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖုန်းနှစ်လုံးအတွက် Beta Team တွေကိုလည်း Final OTA update ထွက်ပြီးတာနဲ့ ဖျက်သိမ်းလိုက်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းကြောင့် တရားဝင် MIUI ဖိုရမ်မှာ Xiaomi သုံးစွဲသူ (အထူးသဖြင့် Mi 5 နဲ့ Redmi Note 3 သုံးစွဲသူ) အတော်များများက မကျေမနပ်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ပြဿနာရဲ့ တစ်ခြားဘက်မှာ ရှိနေတာကတော့ ဒီလိုပါ။ ပထမပိုင်းမှာ Xiaomi ဟာ ဖုန်းတွေကို အမြောက်အများထုတ်ခဲ့ပြီး နှစ်အလိုက် Software ထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာတော့ ကုန်ကျစရိတ်က ပိုများလာတာပဲ ဖြစ်ပါတယ်။

ဒုတိယအချက်က ဒီဖုန်းနှစ်လုံးရဲ့ ထုတ်လုပ်မှုသက်တမ်းက သုံးနှစ်နီးပါး ဖြစ်နေပါပြီ။ ဒီသုံးနှစ်တာ ကာလအတွင်းမှာ စမတ်ဖုန်းပေါင်းများစွာကို ဆက်ပြီးထုတ်ခဲ့ပြီးပါပြီ။ အလားတူပဲ ဖုန်းတွေရဲ့ အခြေခံအချက်အလက်တွေကလည်း ပြောင်းလဲနေကြပါပြီ။ ဒီတော့ Xiaomi အနေနဲ့ ၂ နှစ်ကျော်ကြာခဲ့ပြီးနောက်ပိုင်းမှာတောင် ဒီဖုန်းနှစ်လုံးအတွက် Software ထောက်ပံ့ပေးခဲ့တာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖုန်းနှစ်လုံးက “အိုပယ်” လိုမျိုး ဖြစ်သွားရတာတော့ စိတ်မကောင်းစရာ အမှန်ပါ။

 

Ref: GSMarena