သိပ်မကြာခင် ထွက်ရှိတော့မယ့် Mi 7 ဟာဆိုရင် တော်တော်လေး လူစိတ်ဝင်စားတာခံနေရပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ထွက်ပေါ်ခဲ့သမျှ Mi 7 ရဲ့ဓာတ်ပုံတွေထဲက Notch လေးကြောင့်ပါပဲ။ အဲ့ Notch က သာမန် Notch မဟုတ်ပါဘူး။ အကြောင်းကတော့ Apple ရဲ့ Face ID နည်းပညာပါတဲ့ Notch နဲ့ တော်တော် လေး ဆင်တူနေလို့ပါ။

Apple ရဲ့ Face ID ဟာဆိုရင် Dot Projector နဲ့ Infrared Camera ကို သုံးပြီး User ရဲ့ မျက်နှာကို Scan လုပ်ပြီး ဖုန်းကို Unlock လုပ်ပေးတာဖြစ်ပါတယ်။ Mi 7 ရဲ့ ထွက်ပေါ်လာတဲ့ ပုံတွေအရ သူ့ရဲ့ Notch နဲ့ Camera မှာ Apple နဲ့ Security ချင်းယှဉ်လို့ ရလောက်မယ့် ပစ္စည်းတွေနဲ့ နည်းပညာတွေကို သုံးထားတာကိုတွေ့ရပါတယ်။

Android Phone တော်တော်များများမှာ သုံးတဲ့ Face Scan ဟာဆိုရင် Front-Facing Camera ကိုသာသုံးထားပြီး Android ရဲ့ Built-in Solution တစ်ခုပါ။ ဒါကြောင့်မို့လို့ သူတို့ဖုန်းတွေဟာ Proximity Sensor, Ambient Light Sensor နဲ့ ဖုန်းရဲ့ Earpiece တွေ မပါပဲနဲ့ Notch တွေက သေးသေးလေးတွေ ဖြစ်နေတာပါ။

တကယ်လို့ Mi 7 မှာ သာ Apple လို Face ID မျိုးပါမယ် ဆိုရင် ပရိတ်သတ်ကြီးရော စိတ်တိုင်းကျမယ်လို့ထင်လားဗျ။ သူ့ရဲ့ Release Date နောက်ကျနေတာကလည်း Face ID နည်းပညာကြောင့် လို့ သတင်းတွေထွက်နေတာဆိုတော့ May 23 ကျမှ တူတူ စောင့်ကြည့်လိုက်ရအောင်လားဗျာ။

Source: GSMarena.com