Xiaomi Mi 7 စမတ်ဖုန်းဆိုတာက လက်ရှိအချိန်မှာ လူတိုင်းအများမျှော်လင့်နေကြတဲ့ စမတ်ဖုန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ လောလောဆယ်မှာတော့ Xiaomi ကနေ Mi 7 စမတ်ဖုန်းကို Pre-order ပြုလုပ်ဖို့တောင် သတင်းတွေထွက်လာခဲ့ပါပြီ။

အခုသတင်းက တရုတ်နိုင်ငံက China Mobile ရဲ့ Store တစ်ခုမှာ ကြော်ငြာထားခဲ့တာဖြစ်ပါတယ်။ အခုကြော်ငြာအရ လာမယ့် မေလ ၂၇ ရက်နေ့မှာ Pre-order ကိုလက်ခံမယ်လို့ ရေးသားထားတာဖြစ်ပါတယ်။

Xiaomi ကနေ Mi 7 စမတ်ဖုန်းက Notch ပါဝင်တဲ့ Full Screen Display ၊ Face ID Scanner ၊ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 256GB အထိပါဝင်မှာဖြစ်ပြီးတော့ Battery ကလည်း 3400mAh Battery ပါဝင်နေတယ်လို့ သိရပါတယ်။

Xiaomi ရဲ့ Mi 7 စမတ်ဖုန်းက လာမယ့် မေလ ၂၃ ရက်နေ့မှာ တရားဝင်ထုတ်လုပ်မယ်လို့ ယူဆရပါတယ်။ ဈေးနှုန်းအရလည်း Xiaomi Mi 7 စမတ်ဖုန်းက ဒေါ်လာ ၄၀၀ ဝန်းကျင်ပဲရှိမှာဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ဈေးအသက်သာဆုံး Flagship ဖုန်းဖြစ်လာမှာပါ။