Xiaomi ကနေ အခုနှစ်အတွင်းမှာ စမတ်ဖုန်းတွေအများအပြားထုတ်လုပ်နေပေမယ့်လည်း Xiaomi ရဲ့ Flagship Mi Series ဖုန်းဖြစ်တဲ့ Mi 7 စမတ်ဖုန်းထုတ်လုပ်မယ့်အချိန်ကိုတော့ တရားဝင်ကြေငြာခြင်းမရှိပါဘူး။

အဲ့ဒီအတွက် အချို့ကလည်း Xiaomi ကနေ Mi 7 စမတ်ဖုန်းကို ယခုနှစ် နှစ်လယ်ပိုင်းလောက်မှ မိတ်ဆက်လောက်မယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ထင်ထားတာထက်စောပြီး Xiaomi ကနေ Mi 7 စမတ်ဖုန်းကို မိတ်ဆက်တော့မယ့်ပုံပါပဲ။

ဘာကြောင့်လည်းဆိုရင် Xiaomi Mi 7 ထုတ်လုပ်မယ့်အချိန်ကို ရေးသားထားတဲ့ Teaser Image တစ်ခုကို တရုတ်နိုင်င်ငံ Weibo Website မှာ တွေ့ခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံအရ Xiaomi ကနေ Mi 7 စမတ်ဖုန်းကို လာမယ့် မေလ ၂၃ ရက်နေ့မှာ ကြေညာသွားမှာပဲဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာတော့ Xiaomi Mi 7 စမတ်ဖုန်းဟာ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့အတူ Android စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 3D Face ID စနစ်ပါဝင်လာမယ်လို့ သိရပါတယ်။ Wireless Charging ကို Support ပြုလုပ်တဲ့ ဒုတိယမြောက် Xiaomi ဖုန်းတစ်လုံးလည်း ဖြစ်မှာပါ။

ဘာပဲဖြစ်ဖြစ် Xiaomi ကနေ Mi 7 ကို မကြာခင်ကြေညာတော့မယ်ဆိုရင် စောင့်နေကြတဲ့သူ ဘယ်သူတွေရှိမလဲ?