Xiaomi ကနေ မကြာခင်အချိန်အတွင်းမှာ Qualcomm Snapdragon 845 CPU နဲ့ Xiaomi Mi 7 စမတ်ဖုန်းအသစ်ကို ထုတ်လုပ်သွားတော့မှဖြစ်ပါတယ်။ အဆိုပါ Xiaomi Mi 7 စမတ်ဖုန်းမှာ အခြားသော ဘယ်လိုမျိုး Features အသစ်အဆန်းတွေပါဝင်လာမလဲဆိုတာကို မသိရသေးပေမယ့် Feature တစ်ခုကိုတော့ Xiaomi ကနေ ဝန်ခံလိုက်ပြီပဲဖြစ်ပါတယ်။

အဆိုပါ Feature ဟာ Wireless Charging စနစ်ပဲဖြစ်ပြီးတော့ Xiaomi ရဲ့ WeChat Channel ကနေ အခုလိုမျိုး Wireless Charging ပါဝင်လာမယ်ဆိုတာကိုတရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။ Xiaomi Mi 7 ဟာ လက်ရှိ စမတ်ဖုန်းတွေမှာ အသုံးပြုနေကြတဲ့ Qi Wireless Charging Standard နဲ့ပဲထုတ်လုပ်သွားမှာဖြစ်ပြီးတော့ Xiaomi ဖုန်းတွေကို အားသွင်းရတာ ပိုပြီး လွယ်ကူလာစေတော့မှာပါ။

Xiaomi Mi 7 ဖုန်းကို လက်ရှိဈေးကွက်ထဲမှာရောင်းချနေတဲ့ Qi Wireless Charging Pad တွေအကုန်လုံးနဲ့ အားသွင်းလို့ရမှာဖြစ်သလို Xiaomi ကိုယ်တိုင်ကလည်း 3 Watt ကနေ 15 Watt အတွင်းအားသွင်းပေးနိုင်တဲ့ ၅ ဒေါ်လာတန် Wireless Charging Pad တစ်ခုကို ထုတ်လုပ်နေတယ်လို့လည်း သိရပြီးတော့ Xiaomi Mi 7 စမတ်ဖုန်းမှာပါ တခါတည်း ပါဝင်လာတော့မယ်လို့ သိရပါတယ်။

Xiaomi ကနေ Mi 7 စမတ်ဖုန်းကို လာမယ့် မတ်လဝန်းကျင်မှာ ထုတ်ဖော်ပြသသွားမှာဖြစ်ပြီးတော့ 5.65″ 18:9 Display ၊ RAM 6GB ၊ ROM 64GB နဲ့ 3200mAh Battery တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီတစ်ခါ Mi 7 စမတ်ဖုန်းဟာ အဆင့်မြှင့်တင်မှုအများအပြားပြုလုပ်ထားမှာဖြစ်ပေမယ့် ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ကျော်ဝန်းကျင်နဲ့ပဲ ရောင်းချနေဦးမှာဖြစ်ပါတယ်။