တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Xiaomi အနေနဲ့ ပြီးခဲ့တဲ့ မေလက Flagship စမတ်ဖုန်း Xiaomi Mi 8, Mi 8 EE, Mid-Range စမတ်ဖုန်း Mi 8 SE တို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။ Mi 8 ကို စတင် မိတ်ဆက် ပေးခဲ့စဉ် အချိန်တုန်းက RAM 6GB မော်ဒယ်ကိုသာ မိတ်ဆက် ပေးခဲ့ပေမယ့် ယခုအခါမှာ Mi 8 RAM 8GB မော်ဒယ် အသစ်ကို ထပ်မံ မိတ်ဆက် ပေးဖို့ ကြံစည်နေတယ်လို့ သိရပါတယ်။

ယနေ့ Xiaomi ရဲ့ Official Weibo Account မှာ တင်ထားတဲ့ ပုံရိပ်များ အရ Flagship စမတ်ဖုန်း Mi 8 RAM 8GB မော်ဒယ် ကို ထပ်မံ မိတ်ဆက်သွားဖွယ် ရှိပါတယ်။ Mi 8 ဆိုတာကတော့ Flagship စမတ်ဖုန်း Mi 6 ကို မိတ်ဆက်ပေးပြီး နောက်ပိုင်း ထပ်မံ မိတ်ဆက် ပေးခဲ့တဲ့ မျိုးဆက်သစ် Flagship စမတ်ဖုန်း မော်ဒယ် တစ်ခုပဲ ဖြစ်ပါတယ်။

Xiaomi Mi 8 မှာ ၆.၂၁ လက်မ အရွယ်အစားရှိ Full HD+ AMOLED Notch Display ကို အသုံးပြု ထားပါတယ်။ Processor အနေနဲ့ Snapdragon 845 SoC ကို အသုံးပြုထားပြီး RAM 6GB/ Internal 256 GB မော်ဒယ် တစ်မျိုးထဲ အနေနဲ့သာ မိတ်ဆက် ပေးခဲ့တာ ဖြစ်ပါတယ်။ ဘက်ထရီ အနေနဲ့ 3400 mAh ဘက်ထရီ ကို အသုံးပြုထားပြီး Quick Charge 4+ Fast Charging စနစ် ပါဝင်ပါတယ်။

Xiaomi Mi 8 မှာ Android 8.1 Oreo ကို အခြေခံထားတဲ့ MIUI ကို အသုံးပြုထားပြီး ဓါတ်ပုံ ရိုက်ကူးရေး အတွက် Sony IMX363 12MP f/1.8 + S5K3M3 12MP f/2.4 Dual Rear Camera Setup ကို အသုံးပြု ပေးထားပြီး Selfie ပိုင်းအတွက် 20MP Front Camera ကို အသုံးပြု ထားပါတယ်။

Front Camera ကို အသုံးပြုပြီး Face Unlock အသုံးပြုနိုင်မှာ ဖြစ်သလို ကျောဘက် Panel မှာ ပါဝင်တဲ့ Fingerprint Scanner ကနေ တစ်ဆင့်လည်း ဖုန်းကို Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Connectivity Options တွေ အနေနဲ့ Dual-SIM Support, 4G VoLTE, Wi-Fi 802.11ac, NFC, Bluetooth 5.0, 3.5mm Audio Jack တို့ ပါဝင်မှာ ဖြစ်ပါတယ်။

Mi 8 RAM 8GB မော်ဒယ် ကို ဈေးနှုန်း ဘယ်လောက်နဲ့ ရောင်းချသွားမယ် ဆိုတာကို သိရှိရခြင်းမရှိသေးပေမယ့် Mi 8 RAM 6GB/ Internal 256 မော်ဒယ်ထက် အနည်းငယ်သာ ပိုမိုများပြားတဲ့ ဈေးနှုန်း နဲ့ မိတ်ဆက်သွားနိုင်တယ် လို့ ကျွမ်းကျင်သူများ က ခန့်မှန်းထားကြပါတယ်။

REF: Gizmo China