Xiaomi အနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက ပထမဆုံး Snapdragon 710 SoC အသုံးပြု Xioami Mi 8 SE ကို မိတ်ဆက် ပေးခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ထပ်မံ ထွက်ပေါ်လာခဲ့တဲ့ အချက်အလက်များ အရ Xiaomi အနေနဲ့ Snapdragon 710 SoC အသုံးပြု နောက်ထပ် စမတ်ဖုန်း မော်ဒယ် တစ်ခု ကို ယခုနှစ် မကုန်ခင် မိတ်ဆက် ပေးသွားဖို့ ကြံရွယ်နေတယ်လို့ သိရပါတယ်။

Xiaomi က အသစ် မိတ်ဆက် ပေးသွားမယ့် စမတ်ဖုန်း မော်ဒယ်ကတော့ Mid-Range စမတ်ဖုန်း Xiaomi Mi 8X ပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများကတော့ Xiaomi Mi 8X မှာ Snapdragon 710 SoC ကို အသုံးပြု လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ လက်ရှိ အချိန်မှာ ထွက်ပေါ်လာတဲ့ ပုံရိပ်များ အရ Xiaomi Mi 8X ကို အဖြူရောင်၊ အပြာရောင် စတဲ့ အရောင် နှစ်မျိုး အနေနဲ့ မိတ်ဆက် သွားဖွယ် ရှိပါတယ်။

Xiaomi Mi 8X ရဲ့ ကျောဘက် Panel အတွက် ဖန်သားပြင် Panel ကို အသုံးပြုထားတဲ့ ပုံပါပဲ။ ဖုန်းရဲ့ ကျောဘက် Panel ဘယ်ဘက် ထိပ်ပိုင်းနားမှာ Dual Rear Camera Setup ကို ဒေါင်လိုက် အနေအထား နဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး Fingerprint Scanner ပါဝင်ခြင်း မရှိတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကောလာဟလတွေ အရ Mi 8X မှာ In-Screen Fingerprint Scanner ကို အသုံးပြု လာနိုင်တယ်လို့ သိရပါတယ်။ Mi 8X မှာ Display ပိုင်း အတွက် OLED Display ကို အသုံးပြုလာနိုင်ပြီး Always-On Display Feature ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ အသစ် မိတ်ဆက် ပေးသွားမယ့် Xiaomi Mi 8X မှာ Notch တော့ ပါဝင်မှာ မဟုတ်ပါဘူး။ OS အနေနဲ့ Android 8.1 Oreo ကို အခြေခံထားတဲ့ MIUI နဲ့ ပွဲထွက်လာနိုင်ပြီး 3000 mAh ဘက်ထရီ နဲ့ ပွဲထွက်လာနိုင်ပါတယ်။

လာမယ့် စက်တင်ဘာလမှ Xiaomi အနေနဲ့ Mi အမျိုးအစား စမတ်ဖုန်း မော်ဒယ် ၃မျိုး ကို မိတ်ဆက် ပေးဖို့ ကြံစည်နေတာကြောင့် Xiaomi ရဲ့ Flagship စမတ်ဖုန်း မော်ဒယ်သစ် Mi Mix 3 နဲ့ အတူ Mi 8X တို့ကို မြင်တွေ့ရဖွယ် ရှိပါတယ်။

REF: Gizmo China