[Zawgyi]

Xiaomi Mi 9 နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္အခ်ိဳ႕က ႏိုဝင္ဘာ လဆန္းေလာက္ကတည္းက ထြက္ေပၚခဲ့ဖူးပါတယ္။ Mi 9 ဟာ Snapdragon 8150 ကို အသုံးျပဳမယ္လို႔ ႀကိဳတင္ေဟာကိန္းထုတ္ထားခဲ့ၾကတာပါ။ ဒါတင္မကေသးဘဲ ေက်ာဘက္ကင္မရာကိုလည္း သုံးလုံးအထိ ထားရွိႏိုင္ၿပီး အဓိကကင္မရာကေတာ့ 48MP ျဖစ္မယ္လို႔ ေဖာ္ျပခဲ့ဖူးပါတယ္။

၂၀၁၈ ခုႏွစ္ရဲ႕ ေနာက္ဆုံးရက္ေတြမွာ ထပ္မံသိရွိလာရတဲ့ သတင္းေတြအရ ေက်ာဘက္ကင္မရာ သုံးလုံးထည့္သြင္းမွာက Xiaomi Mi 9 တစ္မ်ိဳးတည္းတင္မကဘဲ Mi Mix 4 လည္း အတူတူပဲ ျဖစ္လာမယ္လို႔ သိရပါတယ္။ Xiaomi ရဲ႕ ေဈးကြက္စြမ္းေဆာင္မႈဆိုင္ရာ အစီရင္ခံစာမွာေတာ့ Mi 9 ဟာ ကုမၸဏီရဲ႕ ပထမဆုံးေသာ ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ထားတဲ့ ဖုန္းျဖစ္လာမယ္လို႔ သိရပါတယ္။

Mi Mix 4 ကလည္း ပိုၿပီးေကာင္းတဲ့ Optical zoom သုံးႏိုင္မယ့္ ပယ္ရီစကုပ္မွန္ဘီလူးကို တပ္ဆင္ေပးထားမယ္လို႔ သိရပါတယ္။ ဒီအတြက္ ေနရာလည္း သိပ္ၿပီးမ်ားမ်ားစားစား မလိုအပ္ဘူးလို႔ ဆိုပါတယ္။ Mi 9 ေရာ Mi Mix 4 ႏွစ္မ်ိဳးစလုံးမွာ Qualcomm ရဲ႕ Snapdragon 855 (8150 လို႔လည္းသုံးႏႈန္းခဲ့ၾကဖူးပါတယ္) ကို အသုံးျပဳမယ္လို႔ GSMarena က ေဖာ္ျပထားပါတယ္။

Xiaomi Mi 9 နဲ႔ Mi Mix 4 ႏွစ္မ်ိဳးစလုံးဟာ ၂၀၁၉ ခုႏွစ္အတြက္ Xiaomi ရဲ႕ Flagship ေတြ ျဖစ္လာမယ္ဆိုတာ သံသယ ရွိစရာမလိုဘူးလို႔ ဆိုရမွာပါ။ ထူးျခားတဲ့ သတင္းအခ်က္အလက္တစ္ခုကေတာ့ Mix 4 ဟာ Foldable Screen နဲ႔ ျဖစ္လိမ့္မယ္ဆိုတာပါပဲ။ ဒါေပမယ့္ တရားဝင္ေၾကညာထားျခင္းလည္း မရွိေသးသလို လက္ဆုပ္လက္ကိုင္ျပစရာလည္း မရွိတာေၾကာင့္ ေကာလာဟလအဆင့္မွာပဲ ထားရွိရဦးမွာပါ။ Mi Mix 3 ဟာ Xiaomi ရဲ႕ ပထမဆုံး 5G စမတ္ဖုန္း ျဖစ္ေနတာေၾကာင့္ Mi 9 ဟာလည္း 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္မယ္လို႔ ယူဆရမွာပါ။

Ref: GSMarena

 

[Unicode]

Xiaomi Mi 9 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အချို့က နိုဝင်ဘာ လဆန်းလောက်ကတည်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ Mi 9 ဟာ Snapdragon 8150 ကို အသုံးပြုမယ်လို့ ကြိုတင်ဟောကိန်းထုတ်ထားခဲ့ကြတာပါ။ ဒါတင်မကသေးဘဲ ကျောဘက်ကင်မရာကိုလည်း သုံးလုံးအထိ ထားရှိနိုင်ပြီး အဓိကကင်မရာကတော့ 48MP ဖြစ်မယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံးရက်တွေမှာ ထပ်မံသိရှိလာရတဲ့ သတင်းတွေအရ ကျောဘက်ကင်မရာ သုံးလုံးထည့်သွင်းမှာက Xiaomi Mi 9 တစ်မျိုးတည်းတင်မကဘဲ Mi Mix 4 လည်း အတူတူပဲ ဖြစ်လာမယ်လို့ သိရပါတယ်။ Xiaomi ရဲ့ ဈေးကွက်စွမ်းဆောင်မှုဆိုင်ရာ အစီရင်ခံစာမှာတော့ Mi 9 ဟာ ကုမ္ပဏီရဲ့ ပထမဆုံးသော ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ထားတဲ့ ဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။

Mi Mix 4 ကလည်း ပိုပြီးကောင်းတဲ့ Optical zoom သုံးနိုင်မယ့် ပယ်ရီစကုပ်မှန်ဘီလူးကို တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ဒီအတွက် နေရာလည်း သိပ်ပြီးများများစားစား မလိုအပ်ဘူးလို့ ဆိုပါတယ်။ Mi 9 ရော Mi Mix 4 နှစ်မျိုးစလုံးမှာ Qualcomm ရဲ့ Snapdragon 855 (8150 လို့လည်းသုံးနှုန်းခဲ့ကြဖူးပါတယ်) ကို အသုံးပြုမယ်လို့ GSMarena က ဖော်ပြထားပါတယ်။

Xiaomi Mi 9 နဲ့ Mi Mix 4 နှစ်မျိုးစလုံးဟာ ၂၀၁၉ ခုနှစ်အတွက် Xiaomi ရဲ့ Flagship တွေ ဖြစ်လာမယ်ဆိုတာ သံသယ ရှိစရာမလိုဘူးလို့ ဆိုရမှာပါ။ ထူးခြားတဲ့ သတင်းအချက်အလက်တစ်ခုကတော့ Mix 4 ဟာ Foldable Screen နဲ့ ဖြစ်လိမ့်မယ်ဆိုတာပါပဲ။ ဒါပေမယ့် တရားဝင်ကြေညာထားခြင်းလည်း မရှိသေးသလို လက်ဆုပ်လက်ကိုင်ပြစရာလည်း မရှိတာကြောင့် ကောလာဟလအဆင့်မှာပဲ ထားရှိရဦးမှာပါ။ Mi Mix 3 ဟာ Xiaomi ရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်နေတာကြောင့် Mi 9 ဟာလည်း 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မယ်လို့ ယူဆရမှာပါ။

Ref: GSMarena