ပြီးခဲ့တဲ့ အပတ်တုန်းက Xiaomi အနေနဲ့ စပိန် နိုင်ငံ မက်ဒရစ်မြို့မှာ Global Launch Event ကို ကျင်းပသွားမှာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့တဲ့ အပြင် Global Launch Event ကို တက်ရောက်ဖို့ အတွက် မီဒီယာတွေဆီ ဖိတ်ကြားလွှာတွေ ပေးပို့ခဲ့ပါတယ်။


ဒါ့အပြင် မနေ့တုန်းကလည်း Mi A1 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း မော်ဒယ် Mi A2 ကို မြင်တွေ့ရမှာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။ အခုအခါမှာတော့ တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Xiaomi အနေနဲ့ ဇူလိုင်လ ၂၄ ရက်နေ့ စပိန်နိုင်ငံမှာ ကျင်းပသွားမယ့် Event မှာ Android One စမတ်ဖုန်း မော်ဒယ် နှစ်မျိုး ကို မိတ်ဆက်သွားမှာ ဖြစ်ကြောင်း တရားဝင် အတည်ပြု ပေးလိုက်ပါပြီ။


Xiaomi အနေနဲ့ စမတ်ဖုန်း မော်ဒယ် နှစ်မျိုးလို့သာ ပြောကြားခဲ့ပြီး Mi A2 နဲ့ Mi A2 Lite လို့ တရားဝင် ပြောကြားခဲ့ခြင်း မရှိပေမယ့် Android One စမတ်ဖုန်း မော်ဒယ် အသစ် နှစ်ခု အဖြစ် Mi A2 နဲ့ Mi A2 Lite ကို မြင်တွေ့ရမှာ သေချာသလောက် ရှိနေပြီပဲ ဖြစ်ပါတယ်။

ကောလာဟလများ အရ MI A2 မှာ ၅.၉၉ လက်မ အရွယ်အစားရှိ FULL HD+ Resolution Display ကို အသုံးပြု သွားမှာ ဖြစ်ပြီး Processor အနေနဲ့ Snapdragon 660 SoC ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ MI A2 ကို RAM 4GB/ Internal 32GB, RAM 4GB/ Internal 64GB, RAM 4GB/ Internal 128GB, RAM 6GB/ Internal 128GB စတဲ့ မော်ဒယ် လေးမျိုး အနေနဲ့ မိတ်ဆက် သွားနိုင်ပါတယ်။


ကင်မရာပိုင်းမှာတော့ Rear Camera အတွက် 12MP + 20MP Dual Camera Setup ကို အသုံးပြု လာနိုင်ပြီး Selfie ပိုင်း အတွက် 20MP Front Camera ကို အသုံးပြု လာနိုင်ပါတယ်။ Mi A2 ဟာ Pure Android စမတ်ဖုန်း မော်ဒယ် တစ်ခု ဖြစ်တာနဲ့ အညီ Android 8.1 Oreo OS နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။


Xiaomi Mi A2 စမတ်ဖုန်း မော်ဒယ် အသစ်မှာ 3.5mm Headphone Jack ကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဘက်ထရီ အနေနဲ့ 3010 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပြီး Quick Charge 3.0 Fast Charging Support ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Xiaomi Mi A2 အနိမ့်ဆုံး မော်ဒယ် ကို ကန်ဒေါ်လာ ၂၉၀ ဝန်းကျင်၊ အမြင့်ဆုံး မော်ဒယ် ကို ကန်ဒေါ်လာ ၃၇၀ ဝန်းကျင် နဲ့ ရောင်းချသွားနိုင်တယ် လို့ သိရပါတယ်။

Xiaomi Mi A2 Lite မှာတော့ ၅.၈၄ လက်မ အရွယ်အစားရှိ Notch Display ကို အသုံးပြု လာနိုင်ပြီး Processor ပိုင်းမှာတော့ Snapdragon 625 SoC နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Xiaomi Mi A2 Lite ကို RAM 3GB/ Internal 32GB၊ RAM 4GB/ Internal 64GB စတဲ့ မော်ဒယ် နှစ်မျိုး အနေနဲ့ မိတ်ဆက် လာနိုင်ပါတယ်။


ကင်မရာပိုင်းမှာတော့ Rear Camera အတွက် 12MP + 5MP Dual Camera Setup ကို အသုံးပြု လာနိုင်ပြီး Front Camera အနေနဲ့ 5MP Sensor ကို အသုံးပြု လာနိုင်ပါတယ်။ Mi A2 Lite စမတ်ဖုန်းဟာလည်း Android One စမတ်ဖုန်း မော်ဒယ် တစ်ခု ဖြစ်တာကြောင့် Operating System အနေနဲ့ Android 8.1 Oreo ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


Xiaomi Mi A2 Lite 3/ 32 မော်ဒယ် ကို ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၉၀ ဝန်းကျင်၊ 4/64 မော်ဒယ် ကို ခန့်မှန်းခြေ ကန်ဒေါ်လာ ၂၁၀ ဝန်းကျင် နဲ့ ရောင်းချ လာနိုင်တယ်လို့ သိရပါတယ်။

REF: Gizmo China