တရုတ်နိုင်ငံ အခြေစိုက် နာမည်ကြီး စမတ်ဖုန်း ကုမ္ပကြီး တစ်ခု ဖြစ်တဲ့ Xioami အနေနဲ့ ဇူလိုင်လ ၂၄ ရက် စပိန်နိုင်ငံမှာ ကျင်းပသွားမယ့် Mi Global Launch Event မှာ Mi A2 စမတ်ဖုန်း ကို မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာ ပေးခဲ့ပါတယ်။ Mi A2 စမတ်ဖုန်း ဆိုတာကတော့ Mi 6X စမတ်ဖုန်း ကို အနည်းငယ် ပြုပြင် မွမ်းမံထားတဲ့ Android One စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

Xiaomi အနေနဲ့ ပြီးခဲ့တဲ့ နှစ်တုန်းက Android One စမတ်ဖုန်း Mi A1 ကို မိတ်ဆက် ပေးခဲ့ရာမှာ လူကြိုက် များခဲ့တာကြောင့် ဒီနှစ်မှာတော့ Mid-Range စမတ်ဖုန်း Mi A2 နဲ့ အတူ Budget စမတ်ဖုန်း Mi A2 Lite ကိုပါ တွဲဖက် မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Xiaomi ရဲ့ Budget စမတ်ဖုန်း အသစ် ဖြစ်လာမယ့် Mi A2 Lite ဟာ မကြာသေးမီ အချိန်က မိတ်ဆက် ပေးခဲ့တဲ့ Redmi 6 Pro နဲ့ ဒီဇိုင်းပိုင်းမှာ တူညီတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Mi A2 Lite မှာ ၅.၈၄ လက်မ အရွယ်အစားရှိ Full HD+ (1080 x 2280 Pixels) Resolution Display ကို အသုံးပြုထားပါတယ်။ Aspect Ratio 19:9 ရှိမှာ ဖြစ်ပြီး Xiaomi Mi A2 Lite စမတ်ဖုန်း ရဲ့ Display ထိပ်ပိုင်းနားမှာ Notch လေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Mi A1 မှာ အသုံးပြုသွားခဲ့တဲ့ Snapdragon 625 SoC ကို Mi A2 Lite Budget စမတ်ဖုန်း မှာ ဆက်လက် အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ RAM 4/ Internal 64 ပါဝင်မှာ ဖြစ်ပြီး Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card Slot ကနေ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ 12 MP f/2.2 + 5MP Dual Rear Camera Setup ကို အသုံးပြုထားပြီး 5MP Front Camera ကို အသုံးပြုထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ 4000 mAh ဘက်ထရီ ကို အသုံးပြုလာနိုင်ပြီး Mi A2 Lite မှာ 3.5mm Audio Jack လည်း ပါဝင်လာနိုင်ပါတယ်။

လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ Xiaomi ရဲ့ Budget စမတ်ဖုန်းသစ် Mi A2 Lite ကို ကန်ဒေါ်လာ ၂၈၃ ဒေါ်လာ ဝန်းကျင် နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပြီး Mid-Range စမတ်ဖုန်း Mi A2 ကိုတော့ ကန်ဒေါ်လာ ၃၅၀ ဒေါ်လာ ဝန်းကျင်နဲ့ စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gizmo China, GSM Arena