သိပ်မကြာမီ အချိန်တုန်းက Xiaomi အနေနဲ့ Max Series စမတ်ဖုန်းတွေရဲ့ မျိုးဆက်သစ် မော်ဒယ် တစ်ခု ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ မိတ်ဆက်သွားမယ် လို့ တရားဝင် အတည်ပြု ပေးခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၃ ရက်နေ့တုန်းက Xiaomi ရဲ့ CEO ကိုယ်တိုင် Mi Max 3 မှာ အသုံးပြု သွားမယ် ဘူးခွံ ဒီဇိုင်း ကို တရားဝင် ချပြ ပေးခဲ့ပါတယ်။

အခုအခါမှာတော့ Xiaomi Mi Max 3 နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ ပါဝင်တဲ့ ဘူးခွံ ပုံရိပ်တွေ ထပ်မံ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဘူးခွံပါ အချက်အလက်များ အရ Mi Max 3 မှာ မကြာသေးမီ အချိန်ကမှ မိတ်ဆက်ထာားတဲ့ Qualcomm ရဲ့ Snapdragon 636 SoC ကို အသုံးပြုမယ် ဆိုတာ သေချာ သွားခဲ့ပြီ ဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပြီး Internal Storage 64GB ပါဝင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်း ဆိုင်ရာမှာတော့ 12MP + 5MP Dual Rear Camera Setup ကို အသုံးပြုထားပြီး Selfie ပိုင်း အတွက် 8 MP Front Camera ကို အသုံးပြု ထားပါတယ်။ Display အနေနဲ့ ၆.၉ လက်မ ရှိ Full HD+ Display ကို အသုံးပြုထားပါတယ်။ Aspect Ratio 18:9 ဖြစ်တာကြောင့် ကျဉ်းမြောင်းတဲ့ ဘေးဘောင်လေးတွေကိုသာ Xiaomi Mi Max 3 မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဘက်ထရီပိုင်းမှာတော့ ကောလာဟလတွေ ထွက်ပေါ်တုန်းက အတိုင်းပဲ Xiaomi Mi Max 3 မှာ 5500 mAh ဘက်ထရီ ကို အသုံးပြုထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Operating System အနေနဲ့ Android Oreo ကို အခြေခံထားတဲ့ MIUI 9 ကို Mi Max 3 မှာ အသုံးပြုထားပါတယ်။

Xiaomi အနေနဲ့ MIUI 10 ကို အချို့ Xiaomi/ Redmi ဖုန်းတွေ အတွက် စတင် ထုတ်လွှင့် ပေးနေပြီ ဖြစ်တာကြောင့် Mi Max 3 မှာလည်း တရားဝင် မိတ်ဆက်ပြီး သိပ်မကြာခင် အချိန်မှာ MIUI 10 Update ကို အသုံးပြုနိုင်လောက်ပါတယ်။

လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ Snapdragon 710 SoC, RAM 6B, Internal Storage 128 GB ပါဝင်တဲ့ Mi Max 3 Pro ကိုလည်း Xiaomi အနေနဲ့ မိတ်ဆက် သွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် RAM 3GB, Internal 32GB ပါဝင်တဲ့ Mi Miax 3 မော်ဒယ်ကိုလည်း ဇူလိုင်လ ၁၉ ရက်နေ့မှာ မိတ်ဆက် သွားနိုင်ပါတယ်။

REF: Gizmo China