[Zawgyi]

China Moblile ဟာ ပီကင္းမွာ Annual Partner Conference ကို က်င္းပဦးမွာ ျဖစ္ပါတယ္။ ဒီညီလာခံကို တက္ေရာက္ရမယ့္ စမတ္ဖုန္းကုမၸဏီေတြထဲမွာ Xiaomi လည္း ပါဝင္ပါတယ္။ ဒီပြဲမွာ Xiaomi က သူ႔ရဲ႕ Snapdragon X50 Modem အသုံးျပဳထားၿပီး 5G ကြန္ရက္ကို ခ်ိတ္ဆက္အသုံးျပဳႏိုင္တဲ့ Mi Mix 3 demo ကို ျပသမယ္လို႔ သိရပါတယ္။

Xiaomi ရဲ႕ ေျပာၾကားခ်က္အရ Mi Mix 3 ကို 5G ေပါင္းစပ္အသုံးျပဳႏိုင္ဖို႔ Qualcomm Chipset သစ္နဲ႔ သူ႔ရဲ႕ မ်ိဳးဆက္သစ္ Modem ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဒါကိုမွ In-House Antenna Switching နည္းပညာက Download Speed ကို 2Gbps ကို ေရာက္ရွိေစမယ္လို႔ သိရပါတယ္။

Xiaomi ရဲ႕ Mi Mix 3 ဟာ Demo ျဖစ္ေပမယ့္လည္း 5G ကြန္ရက္ကို လွ်င္ျမန္စြာနဲ႔ ခ်ိတ္ဆက္ႏိုင္ၿပီး ဝက္ဘ္ဆိုက္ စာမ်က္ႏွာတစ္ခ်ိဳ႕ကိုလည္း ရွာေဖြၾကည့္ရႈႏိုင္သလို ဗီဒီယိုလည္း ၾကည့္ရႈႏိုင္တယ္လို႔ သိရပါတယ္။ 5G သုံးႏိုင္တဲ့ဖုန္းအသစ္ဟာ ကိုယ္ထည္တည္ေဆာက္မႈကအစ အရင္ အေဟာင္းနဲ႔ အတူတူပဲလို႔ သိရပါတယ္။

Mi Mix 3 ကို ၿပီးခဲ့တဲ့လတုန္းက ျဖန႔္ခ်ိခဲ့တာျဖစ္ၿပီး 5G အသုံးျပဳႏိုင္တဲ့ Mi Mix 3 အသစ္ကိုလည္း အလားတူ Specification ေတြနဲ႔ပဲ ထုတ္လုပ္မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Notch မပါတဲ့ မ်က္ႏွာျပင္ျပည့္ျဖစ္ၿပီး Slide အမ်ိဳးအစား ျဖစ္ပါလိမ့္မယ္။ Fingerprint Scanner က ေက်ာဘက္မွာျဖစ္ပါလိမ့္မယ္။ က်န္တဲ့အခ်က္အလက္ အျပည့္အစုံကိုသိရရင္ ထပ္မံေဖာ္ျပေပးဦးမွာ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

China Moblile ဟာ ပီကင်းမှာ Annual Partner Conference ကို ကျင်းပဦးမှာ ဖြစ်ပါတယ်။ ဒီညီလာခံကို တက်ရောက်ရမယ့် စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ Xiaomi လည်း ပါဝင်ပါတယ်။ ဒီပွဲမှာ Xiaomi က သူ့ရဲ့ Snapdragon X50 modem အသုံးပြုထားပြီး 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ Mi Mix 3 demo ကို ပြသမယ်လို့ သိရပါတယ်။

Xiaomi ရဲ့ ပြောကြားချက်အရ Mi Mix 3 ကို 5G ပေါင်းစပ်အသုံးပြုနိုင်ဖို့ Qualcomm Chipset သစ်နဲ့ သူ့ရဲ့ မျိုးဆက်သစ် modem ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါကိုမှ In-house antenna Switching နည်းပညာက Download speed ကို 2Gbps ကို ရောက်ရှိစေမယ်လို့ သိရပါတယ်။

Xiaomi ရဲ့ Mi Mix 3 ဟာ Demo ဖြစ်ပေမယ့်လည်း 5G ကွန်ရက်ကို လျှင်မြန်စွာနဲ့ ချိတ်ဆက်နိုင်ပြီး ဝက်ဘ်ဆိုက် စာမျက်နှာတစ်ချို့ကိုလည်း ရှာဖွေကြည့်ရှုနိုင်သလို ဗီဒီယိုလည်း ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ 5G သုံးနိုင်တဲ့ဖုန်းအသစ်ဟာ ကိုယ်ထည်တည်ဆောက်မှုကအစ အရင် အဟောင်းနဲ့ အတူတူပဲလို့ သိရပါတယ်။

Mi Mix 3 ကို ပြီးခဲ့တဲ့လတုန်းက ဖြန့်ချိခဲ့တာဖြစ်ပြီး 5G အသုံးပြုနိုင်တဲ့ Mi Mix 3 အသစ်ကိုလည်း အလားတူ Specification တွေနဲ့ပဲ ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒါကြောင့် Notch မပါတဲ့ မျက်နှာပြင်ပြည့်ဖြစ်ပြီး Slide အမျိုးအစား ဖြစ်ပါလိမ့်မယ်။ Fingerprint Scanner က ကျောဘက်မှာဖြစ်ပါလိမ့်မယ်။ ကျန်တဲ့အချက်အလက် အပြည့်အစုံကိုသိရရင် ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။

Ref: GSMarena