[Zawgyi]

Xiaomi အေနနဲ႔ လာမယ့္ ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔မွာ မိတ္ဆက္ပြဲ တစ္ပြဲ က်င္းပဖို႔ရွိပါတယ္။ ဘာမိတ္ဆက္ပြဲလဲဆိုတာ အတိအက် မသိရေသးေပမယ့္ ကြၽမ္းက်င္သူေတြကေတာ့ Mi MIX 3 ရဲ႕ 5G ဗားရွင္း မိတ္ဆက္ပြဲျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုေနၾကပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက Benjamin Geskin ဆိုသူဟာ ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔မွာ က်င္းပမယ့္ Xiaomi ရဲ႕ ဖိတ္စာဓာတ္ပုံကို သူရဲ႕ တြစ္တာအေကာင့္မွာ မွ်ေဝခဲ့ဖူးပါတယ္။ Benjamin ဟာ အဆိုပါ တြစ္ကိုတင္ၿပီး သိပ္မၾကာခင္မွာပဲ ျပန္လည္ျဖဳတ္ခ်ခဲ့ေပမယ့္ မိတ္ဆက္ပြဲသတင္းကေတာ့ Reddit User ေတြၾကားမွာ ျပန္႔ႏွံ႔ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ Xiaomi ဘက္က ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔ MWC 2019 မွာ မိတ္ဆက္ပြဲ တစ္ပြဲ က်င္းပဖို႔ရွိေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာလာပါတယ္။

Mobile World Congress (MWC) 2019 က ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔ကေန ေဖေဖာ္ဝါရီလ ၂၉ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး Xiaomi ကေတာ့ သူတို႔ရဲ႕ ထုတ္ကုန္အသစ္ကို MWC 2019 မတိုင္ခင္ တစ္ရက္အလိုမွာ မိတ္ဆက္သြားႏိုင္ဖြယ္ ရွိပါတယ္။ အဆိုပါ ထုတ္ကုန္အသစ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတုန္းက မိတ္ဆက္ခဲ့တဲ့ Xiaomi Mi MIX 3 ရဲ႕ 5G ဗားရွင္းျဖစ္ႏိုင္ပါတယ္။

Xiaomi အေနနဲ႔ Mi MIX 3 5G ဗားရွင္းကို မၾကာေသးခင္က က်င္းပသြားတဲ့ CES 2019 မွာ ထုတ္ျပထားၿပီး ျဖစ္ပါတယ္။ Consumer Electronics Show (CES) 2019 မွာ 5G စမတ္ဖုန္းေတြကို ထုတ္ျပခဲ့တာ Xiaomi ကုမၸဏီတစ္ခုတည္း မဟုတ္ပါဘူး။ Samsung, Oppo နဲ႔ Vivo တို႔ကလည္း 5G စမတ္ဖုန္းေတြကို အသီးသီး ထုတ္ျပခဲ့ၾကပါတယ္။ Mi MIX 3 5G ဗားရွင္းက Snapdragon 855 SoC ကိုအသုံးျပဳထားမွာျဖစ္ၿပီး 5G Network ခ်ိတ္ဆက္မႈအပိုင္းအတြက္ Qualcomm ရဲ႕ X50 LTE Modem ကို တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ RAM အေနနဲ႔လည္း 10GB အထိ ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Xiaomi Mi MIX 3 5G စမတ်ဖုန်းကို ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ မြင်တွေ့နိုင်ဖွယ်ရှိ

Xiaomi အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ မိတ်ဆက်ပွဲ တစ်ပွဲ ကျင်းပဖို့ရှိပါတယ်။ ဘာမိတ်ဆက်ပွဲလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ကျွမ်းကျင်သူတွေကတော့ Mi MIX 3 ရဲ့ 5G ဗားရှင်း မိတ်ဆက်ပွဲဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက Benjamin Geskin ဆိုသူဟာ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ကျင်းပမယ့် Xiaomi ရဲ့ ဖိတ်စာဓာတ်ပုံကို သူရဲ့ တွစ်တာအကောင့်မှာ မျှဝေခဲ့ဖူးပါတယ်။ Benjamin ဟာ အဆိုပါ တွစ်ကိုတင်ပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ဖြုတ်ချခဲ့ပေမယ့် မိတ်ဆက်ပွဲသတင်းကတော့ Reddit User တွေကြားမှာ ပြန့်နှံ့ခဲ့ပါတယ်။ ဒီနေ့မှာတော့ Xiaomi ဘက်က ဖေဖော်ဝါရီလ ၂၄ရက်နေ့ MWC 2019 မှာ မိတ်ဆက်ပွဲ တစ်ပွဲ ကျင်းပဖို့ရှိကြောင်း တရားဝင် ထုတ်ပြန်ကြေညာလာပါတယ်။

Mobile World Congress (MWC) 2019 က ဖေဖော်ဝါရီလ ၂၅ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၉ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး Xiaomi ကတော့ သူတို့ရဲ့ ထုတ်ကုန်အသစ်ကို MWC 2019 မတိုင်ခင် တစ်ရက်အလိုမှာ မိတ်ဆက်သွားနိုင်ဖွယ် ရှိပါတယ်။ အဆိုပါ ထုတ်ကုန်အသစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Xiaomi Mi MIX 3 ရဲ့ 5G ဗားရှင်းဖြစ်နိုင်ပါတယ်။

Xiaomi အနေနဲ့ Mi MIX 3 5G ဗားရှင်းကို မကြာသေးခင်က ကျင်းပသွားတဲ့ CES 2019 မှာ ထုတ်ပြထားပြီး ဖြစ်ပါတယ်။ Consumer Electronics Show (CES) 2019 မှာ 5G စမတ်ဖုန်းတွေကို ထုတ်ပြခဲ့တာ Xiaomi ကုမ္ပဏီတစ်ခုတည်း မဟုတ်ပါဘူး။ Samsung, Oppo နဲ့ Vivo တို့ကလည်း 5G စမတ်ဖုန်းတွေကို အသီးသီး ထုတ်ပြခဲ့ကြပါတယ်။ Mi MIX 3 5G ဗားရှင်းက Snapdragon 855 SoC ကိုအသုံးပြုထားမှာဖြစ်ပြီး 5G Network ချိတ်ဆက်မှုအပိုင်းအတွက် Qualcomm ရဲ့ X50 LTE Modem ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် RAM အနေနဲ့လည်း 10GB အထိ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

Ref : Gizmochina