Xiaomi ကနေ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့တုန်းက သူရဲ့ Mi Pad Series ထဲမှာ နောက်ဆုံးဖြစ်တဲ့ Mi Pad 4 ကို ကြေညာခဲ့တာပဲဖြစ်ပါတယ်။ အခု Xiaomi Mi Pad 4 ဟာ လက်ရှိ Android Tablet တွေထဲမှာ အကောင်းဆုံးဖြစ်လာသလို Xiaomi Mi Pad Series တွေထဲမှာလည်း ပထမဆုံးအနေနဲ့ LTE အသုံးပြုနိုင်တဲ့ Tablet တစ်ခုဖြစ်လာခဲ့ပါတယ်။

Mi Pad 4 ဟာ 8″ Full HD Display ၊ Qualcomm Snapdragon 660 Processor ၊ RAM 3GB ၊ ROM 32GB ဒါမှမဟုတ် RAM 4GB ၊ ROM 64GB ပါဝင်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာလည်း မြင့်မားတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် USB Type C ၊ Bluetooth 5.0 တွေပါဝင်တဲ့အတွက် Features ပိုင်းအရလည်း ကောင်းမွန်ပါတယ်။ Stereo Speakers လည်းပါဝင်တဲ့အတွက် ရုပ်ရှင်ကြည့်ချင်တဲ့သူတွေအတွက်လည်း အကောင်းစား Tablet တစ်ခုဖြစ်နေပါတယ်။

Mi Pad 4 မှာ Battery ပိုင်းအနေနဲ့ 6000mAh Battery ပါဝင်ပြီးတော့ Camera ကလည်း 13MP Back Camera နဲ့အတူ 5MP Front Camera ပါဝင်တဲ့အတွက် Tablet တစ်ခုအနေနဲ့ဆိုရင်တော့ မဆိုးဘူးလို့ သတ်မှတ်ရမှာပါ။

အခု Mi Pad 4 Tablet ဟာ Android Version 8.1 ကို အခြေခံထားတဲ့ MIUI 9 နဲ့ စတင်ရောင်းချခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ Xiaomi ကနေ MIUI 10 ကို Global Version အနေနဲ့ Update ပြုလုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု MIUI 10 Global Version က Beta Version ဖြစ်ပြီးတော့ Version Number အနေနဲ့ 8.7.5 လို့ ခေါ်ဆိုမှာဖြစ်ပါတယ်။

အခု MIUI 10 Update ဟာ File Size အနေနဲ့ 1.21GB ရှိမှာဖြစ်ပြီးတော့ User Interface အသစ်အပြင် ပိုပြီး ကောင်းလာတဲ့ စွမ်းဆောင်ရည်၊ Camera ပိုင်း တိုးတက်မှုတွေ နဲ့ AI ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေပါဝင်လာမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Xiaomi က MIUI 10 Global Beta ROM ကို စမတ်ဖုန်း ၈ မျိုး အတွက်ထုတ်ထားပေးပြီး အခုအချိန်မှာတော့ Mi Pad 4 ပါ ပါဝင်လာတာဖြစ်ပါတယ်။