[Zawgyi]

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၄ ရက္က တရုတ္ႏုိင္ငံမွာ Xiaomi Mi Play စမတ္ဖုန္းကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ကာ အဆုိပါ မိတ္ဆက္ပြဲမွာ Xiaomi က သူတုိ႔စမတ္ဖုန္းသစ္ရဲ႕ မန္မုိရီအနိမ့္ဆုံးဗားရွင္းျဖစ္တဲ့ 4GB / 64GB ဗားရွင္းကိုပဲ ထုတ္ျပခဲ့ၿပီး ၄င္းကို ယြမ္ ၁၀၉၉ သုိ႔မဟုတ္ ေဒၚလာ ၁၆၀ ခန္႔ ေစ်းႏႈန္းသတ္မွတ္ထားပါတယ္။ ဖုန္းကို မိတ္မဆက္ခင္က ထြက္ရွိေနတဲ့ သတင္းအရ ၄င္းတုိ႔ဟာ 6GB / 64GB နဲ႔ 6GB / 128GB ေမာ္ဒယ္ႏွစ္မ်ဳိးကိုလည္း မိတ္ဆက္လာဦးမွာ ျဖစ္ေပမယ့္ ကုမၸဏီက ထုတ္မျပခဲ့ေသးပါဘူး။

ယခုအခါ တရုတ္ျပည္တြင္းအေရာင္းဝက္ဆုိက္တစ္ခုမွ တက္လာတဲ့ ပုံတစ္ပုံမွာေတာ့ ေမာ္ဒယ္အားလုံးရဲ႕ တန္ဖိုးေတြကို ေဖာ္ျပလာခဲ့ၿပီး မၾကာခင္ေစ်းကြက္ထဲကို တရားဝင္ေရာက္လာေတာ့မယ္လို႔ ထင္ရပါတယ္။ ပုံထဲမွာ ျမင္ေတြ႕ရတဲ့အတိုင္း Mi Play ဟန္းဆက္ရဲ႕ မိတ္မဆက္ရေသးတဲ့ 6GB RAM + 64GB Storage ေမာ္ဒယ္ဟာ ယြမ္ ၁၂၉၉ သုိ႔ ေဒၚလာ ၁၈၈ ခန္႔က်သင့္ကာ 6GB + 128GB ေမာ္ဒယ္ကေတာ့ ေဒၚလာ ၂၃၀ ေက်ာ္ေက်ာ္နဲ႔ ညီမွ်တဲ့ ယြမ္ ၁၅၉၉ သတ္မွတ္ထားတာ ေတြ႕ရပါတယ္။ ေလာေလာဆယ္ေတာ့ ဒီေစ်းႏႈန္းေတြကို Mi Play ရဲ႕ တရားဝင္စာမ်က္ႏွာမွာ မေဖာ္ျပရေသးပါဘူး။

မိတ္ဆက္ပြဲမွာပဲ Xiaomi ကုမၸဏီမွ Mi Play စမတ္ဖုန္းဟာ Dream Blue, Twilight Gold နဲ႔ Black ကာလာသုံးမ်ဳိး ရရွိႏုိင္မယ္လို႔ မိတ္ဆက္ခဲ့ေပမယ့္ ေလာေလာဆယ္ တရားဝင္ျမင္ေတြ႕ရတဲ့ 4GB / 64GB ဗားရွင္းမွာ အျပာေရာင္နဲ႔ အနက္ေရာင္ကိုသာ ေတြ႕ရပါေသးတယ္။ ဒါ့ေၾကာင့္ မန္မိုရီ 6GB RAM ေမာ္ဒယ္ေတြမွာသာ Twilight Gold အေရာင္ကို ျမင္ေတြ႕ရႏုိင္ေျခ ရွိတာလည္း ျဖစ္ႏုိင္ပါတယ္။

Ref – Playful Droid

[Unicode]

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က တရုတ်နိုင်ငံမှာ Xiaomi Mi Play စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့ကာ အဆိုပါ မိတ်ဆက်ပွဲမှာ Xiaomi က သူတို့စမတ်ဖုန်းသစ်ရဲ့ မန်မိုရီအနိမ့်ဆုံးဗားရှင်းဖြစ်တဲ့ 4GB / 64GB ဗားရှင်းကိုပဲ ထုတ်ပြခဲ့ပြီး ၎င်းကို ယွမ် ၁၀၉၉ သို့မဟုတ် ဒေါ်လာ ၁၆၀ ခန့် ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ဖုန်းကို မိတ်မဆက်ခင်က ထွက်ရှိနေတဲ့ သတင်းအရ ၎င်းတို့ဟာ 6GB / 64GB နဲ့ 6GB / 128GB မော်ဒယ်နှစ်မျိုးကိုလည်း မိတ်ဆက်လာဦးမှာ ဖြစ်ပေမယ့် ကုမ္ပဏီက ထုတ်မပြခဲ့သေးပါဘူး။

ယခုအခါ တရုတ်ပြည်တွင်းအရောင်းဝက်ဆိုက်တစ်ခုမှ တက်လာတဲ့ ပုံတစ်ပုံမှာတော့ မော်ဒယ်အားလုံးရဲ့ တန်ဖိုးတွေကို ဖော်ပြလာခဲ့ပြီး မကြာခင်ဈေးကွက်ထဲကို တရားဝင်ရောက်လာတော့မယ်လို့ ထင်ရပါတယ်။ ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း Mi Play ဟန်းဆက်ရဲ့ မိတ်မဆက်ရသေးတဲ့ 6GB RAM + 64GB Storage မော်ဒယ်ဟာ ယွမ် ၁၂၉၉ သို့ ဒေါ်လာ ၁၈၈ ခန့်ကျသင့်ကာ 6GB + 128GB မော်ဒယ်ကတော့ ဒေါ်လာ ၂၃၀ ကျော်ကျော်နဲ့ ညီမျှတဲ့ ယွမ် ၁၅၉၉ သတ်မှတ်ထားတာ တွေ့ရပါတယ်။ လောလောဆယ်တော့ ဒီဈေးနှုန်းတွေကို Mi Play ရဲ့ တရားဝင်စာမျက်နှာမှာ မဖော်ပြရသေးပါဘူး။

မိတ်ဆက်ပွဲမှာပဲ Xiaomi ကုမ္ပဏီမှ Mi Play စမတ်ဖုန်းဟာ Dream Blue, Twilight Gold နဲ့ Black ကာလာသုံးမျိုး ရရှိနိုင်မယ်လို့ မိတ်ဆက်ခဲ့ပေမယ့် လောလောဆယ် တရားဝင်မြင်တွေ့ရတဲ့ 4GB / 64GB ဗားရှင်းမှာ အပြာရောင်နဲ့ အနက်ရောင်ကိုသာ တွေ့ရပါသေးတယ်။ ဒါ့ကြောင့် မန်မိုရီ 6GB RAM မော်ဒယ်တွေမှာသာ Twilight Gold အရောင်ကို မြင်တွေ့ရနိုင်ခြေ ရှိတာလည်း ဖြစ်နိုင်ပါတယ်။

Ref – Playful Droid