[Zawgyi]

Xiaomi အေနနဲ႔ Mi Play စမတ္ဖုန္းကို မနက္ျဖန္ ဒီဇင္ဘာလ ၂၄ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ Mi Play နဲ႔ပတ္သတ္ၿပီး ေကာလဟာလသတင္း ေတာ္ေတာ္မ်ားမ်ား ၾကားသိခဲ့ရေပမယ့္ ဒီေန႔ ထြက္ေပၚလာတဲ့ သတင္းကေတာ့ ပိုမိုတိက်ၿပီး၊ ပိုမိုမွန္ကန္ႏိုင္တယ္လို႔ ယူဆရပါလိမ့္မယ္။

SlashLeaks ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ Mi Play မွာ MTK Chipset ကိုပဲ အသုံးျပဳထားတယ္လို႔ သိရပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ MediaTek ရဲ႕ Helio P70 SoC ကို အသုံးျပဳထားႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ RAM အေနနဲ႔ 6GB ပါဝင္လာႏိုင္ၿပီး Memory Storage 64GB ထည့္သြင္းထားႏိုင္ပါတယ္။ ဒါ့အျပင္ 128GB ေမာ္ဒယ္ကိုလည္း ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

၅.၈၄လက္မ မ်က္ႏွာျပင္အက်ယ္ရွိ FHD+ Display ကို အသုံးျပဳထားႏိုင္ၿပီး Waterdrop Notch နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3000mAh ထည့္သြင္းထားႏိုင္ၿပီး အျမန္အားသြင္းစနစ္ ပါ၊ မပါကိုေတာ့ အတိအက် မသိရေသးပါဘူး။ ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 12MP Main Camera နဲ႔ 5MP Secondary Camera တပ္ဆင္ထားတယ္လို႔ သိရပါတယ္။

Mi Play ရဲ႕ ေစ်းႏႈန္းကို Xiaomi ဘက္က တရားဝင္ ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးေပမယ့္ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ တ႐ုတ္ေငြ ၁၆၉၉ ယြမ္ (ျမန္မာေငြ ၃၈၅,၀၀၀ ဝန္းက်င္) က်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : indianexpress

[Unicode]

မနက်ဖြန် မိတ်ဆက်မယ့် Xiaomi Mi Play ရဲ့ Specifications များပေါက်ကြား

Xiaomi အနေနဲ့ Mi Play စမတ်ဖုန်းကို မနက်ဖြန် ဒီဇင်ဘာလ ၂၄ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Mi Play နဲ့ပတ်သတ်ပြီး ကောလဟာလသတင်း တော်တော်များများ ကြားသိခဲ့ရပေမယ့် ဒီနေ့ ထွက်ပေါ်လာတဲ့ သတင်းကတော့ ပိုမိုတိကျပြီး၊ ပိုမိုမှန်ကန်နိုင်တယ်လို့ ယူဆရပါလိမ့်မယ်။

SlashLeaks ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် Mi Play မှာ MTK Chipset ကိုပဲ အသုံးပြုထားတယ်လို့ သိရပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ MediaTek ရဲ့ Helio P70 SoC ကို အသုံးပြုထားနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ RAM အနေနဲ့ 6GB ပါဝင်လာနိုင်ပြီး Memory Storage 64GB ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် 128GB မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

၅.၈၄လက်မ မျက်နှာပြင်အကျယ်ရှိ FHD+ Display ကို အသုံးပြုထားနိုင်ပြီး Waterdrop Notch နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3000mAh ထည့်သွင်းထားနိုင်ပြီး အမြန်အားသွင်းစနစ် ပါ၊ မပါကိုတော့ အတိအကျ မသိရသေးပါဘူး။ ကျောဘက် ကင်မရာအပိုင်းအတွက် 12MP Main Camera နဲ့ 5MP Secondary Camera တပ်ဆင်ထားတယ်လို့ သိရပါတယ်။

Mi Play ရဲ့ စျေးနှုန်းကို Xiaomi ဘက်က တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေမယ့် ကျွမ်းကျင်ပညာရှင်များကတော့ တရုတ်ငွေ ၁၆၉၉ ယွမ် (မြန်မာငွေ ၃၈၅,၀၀၀ ဝန်းကျင်) ကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : indianexpress