[Zawgyi]

Xiaomi ဟာ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြျဖစ္တဲ့ Mi 9 နဲ႔ Mi Mix 4 တို႔မွာ Triple-camera Setup ေတြ တပ္ဆင္ထားႏိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚလာပါတယ္။ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Mi 8 ကို ေမလထဲမွာ မိတ္ဆက္ခဲ့တာျဖစ္ၿပီး Mi Mix 3 ကိုေတာ့ ေအာက္တိုဘာလထဲမွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Xiaomi အေနနဲ႔ ဒီႏွစ္ ၂၀၁၉ခုႏွစ္မွာေတာ့ သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြကို မႏွစ္တုန္းကထက္ပိုေစာၿပီး မိတ္ဆက္လာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုေနၾကပါတယ္။

ITHome ရဲ႕ အဆိုမ်ားအရ Mi 9 ဟာ Xiaomi ရဲ႕ Triple-camera Setup အသုံးျပဳ ပထမဦးဆုံး စမတ္ဖုန္း ျဖစ္လာႏိုင္ၿပီး Mi Mix 4 ကေတာ့ ဒုတိယေျမာက္ စမတ္ဖုန္း ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ Mi Mix 4 မွာ တပ္ဆင္ထားမယ့္ ကင္မရာ ၃လုံးထဲက ၁လုံးဟာ Periscope Lens ျဖစ္တယ္လို႔ သိရပါတယ္။ Periscope Lens နဲ႔ အလားသ႑ာန္တူတဲ့ နည္းပညာကို Oppo က လြန္ခဲ့တဲ့ ၂၀၁၇ခုႏွစ္ ကတည္းက ခ်ျပခဲ့ၿပီး ျဖစ္ပါတယ္။ 5X Dual Camera Zoom ကို MWC 2017 မွာခ်ျပခဲ့တာျဖစ္ၿပီး၊ ယခုအခါမွာေတာ့ 10x Hybrid Optical Zoom နည္းပညာကို မ်ိဴးဆက္သစ္ Oppo ဖုန္းေတြမွာ တပ္ဆင္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ Xiaomi Mi Mix 4 မွာ တပ္ဆင္ထားမယ့္ Periscope Lens ဆိုတာကလည္း အလားတူ နည္းပညာမ်ိဴး ျဖစ္လာႏိုင္ပါတယ္။

ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Processor အပိုင္းအတြက္ Snapdragon 855 ကို အသုံးျပဳထားႏိုင္ပါတယ္။ Mi 9 က 5G Network ေထာက္ပံ့ေပးႏိုင္တဲ့ ဖုန္းတစ္လုံး ျဖစ္လာႏိုင္သလားဆိုတာကို အတိအက် ေျပာလို႔မရေသးေပမယ့္ Mi Mi Mix 4 ကေတာ့ ျဖစ္လာႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Mi Mix 3 က 5G Network ေထာက္ပံ့ေပးတဲ့ Xiaomi ရဲ႕ ပထမဦးဆုံးစမတ္ဖုန္း ျဖစ္ေနလို႔ပါ။ ဒါ့ေၾကာင့္ Mi Mix 4 ကိုလည္း 5G ဗားရွင္းနဲ႔ မိတ္ဆက္လာႏိုင္ပါတယ္။

Ref : gadgets.ndtv

[Unicode]

Triple Camera Setup တွေနဲ့ ပွဲထွက်လာနိုင်တဲ့ Xiaomi Mi 9 နဲ့ Mi Mix 4

Xiaomi ဟာ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Mi 9 နဲ့ Mi Mix 4 တို့မှာ Triple-camera Setup တွေ တပ်ဆင်ထားနိုင်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Mi 8 ကို မေလထဲမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး Mi Mix 3 ကိုတော့ အောက်တိုဘာလထဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Xiaomi အနေနဲ့ ဒီနှစ် ၂၀၁၉ခုနှစ်မှာတော့ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို မနှစ်တုန်းကထက်ပိုစောပြီး မိတ်ဆက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။

ITHome ရဲ့ အဆိုများအရ Mi 9 ဟာ Xiaomi ရဲ့ Triple-camera Setup အသုံးပြု ပထမဦးဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပြီး Mi Mix 4 ကတော့ ဒုတိယမြောက် စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Mi Mix 4 မှာ တပ်ဆင်ထားမယ့် ကင်မရာ ၃လုံးထဲက ၁လုံးဟာ Periscope Lens ဖြစ်တယ်လို့ သိရပါတယ်။ Periscope Lens နဲ့ အလားသဏ္ဍာန်တူတဲ့ နည်းပညာကို Oppo က လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ် ကတည်းက ချပြခဲ့ပြီး ဖြစ်ပါတယ်။ 5X Dual Camera Zoom ကို MWC 2017 မှာချပြခဲ့တာဖြစ်ပြီး၊ ယခုအခါမှာတော့ 10x Hybrid Optical Zoom နည်းပညာကို မျိူးဆက်သစ် Oppo ဖုန်းတွေမှာ တပ်ဆင်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Xiaomi Mi Mix 4 မှာ တပ်ဆင်ထားမယ့် Periscope Lens ဆိုတာကလည်း အလားတူ နည်းပညာမျိူး ဖြစ်လာနိုင်ပါတယ်။

မော်ဒယ် ၂မျိူးစလုံးရဲ့ Processor အပိုင်းအတွက် Snapdragon 855 ကို အသုံးပြုထားနိုင်ပါတယ်။ Mi 9 က 5G Network ထောက်ပံ့ပေးနိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်လာနိုင်သလားဆိုတာကို အတိအကျ ပြောလို့မရသေးပေမယ့် Mi Mi Mix 4 ကတော့ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Mi Mix 3 က 5G Network ထောက်ပံ့ပေးတဲ့ Xiaomi ရဲ့ ပထမဦးဆုံးစမတ်ဖုန်း ဖြစ်နေလို့ပါ။ ဒါ့ကြောင့် Mi Mix 4 ကိုလည်း 5G ဗားရှင်းနဲ့ မိတ်ဆက်လာနိုင်ပါတယ်။

Ref : gadgets.ndtv