[Zawgyi]

Xiaomi ဟာ Mi 9 ကို တ႐ုတ္ျပည္မွာ ၿပီးခဲ့တဲ့ နာရီပိုင္းကပဲ မိတ္ဆက္သြားခဲ့ပါတယ္။ Mi 9 ဟာ ေပါက္ၾကားထြက္ေပၚထားတဲ့ ေကာလဟလသတင္းေတြအတိုင္း Snapdragon 855 , RAM 6GB/8GB , Storage 128GB , 3300mAh Battery ေတြနဲ႔ ပြဲထြက္လာခဲ့ပါတယ္။ Display အပိုင္းအတြက္ 6.39” Full HD+ Super AMOLED Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါမယ္။

ေရွ႕ဘက္မ်က္ႏွာျပင္ကို Corning Gorilla Glass 6 နဲ႔ဖုံးအုပ္ထားၿပီး ေနာက္ေက်ာဘက္ကိုေတာ့ Corning Gorilla Glass 5 နဲ႔ဖုံးအုပ္ေပးထားပါတယ္။ Waterdrop Notch Display ကို အသုံးျပဳထားတာေၾကာင့္ Mi 8 တုန္းကလိုမ်ိဴး 3D Face ID စနစ္ မပါဝင္ေတာ့ပါဘူး။ ဒါေပမယ့္ ပိုမိုျမန္ဆန္ တိက်မွန္ကန္ေအာင္ အဆင့္ျမႇင္တင္ထားတဲ့ Goodix ရဲ႕ In-display Fingerprint Sensor ကို ထည့္သြင္းတပ္ဆင္ထားတယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 48MP Sony IMX586 Sensor (f/1.8) ကို Main Camera အျဖစ္အသုံးျပဳထားၿပီး 16MP (f/2.2) Ultra-wide + 12MP (f/2.2) Telephoto Lens ေတြနဲ႔ တြဲဖက္အသုံးျပဳထားပါတယ္။ ( DxOMark ကလည္း Xiaomi Mi 9 ရဲ႕ ကင္မရာကို Review လုပ္ၿပီးသြားၿပီ ျဖစ္တာေၾကာင့္ ကင္မရာအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ တတိယေနရာမွာ သတ္မွတ္ေပးထားပါတယ္) Front-facing Camera အတြက္ကိုေတာ့ 20MP (f/2.0) Sensor ကို တပ္ဆင္ေပးထားမွာပါ။

3300mAh ဘက္ထရီကို အားျဖည့္ဖို႔အတြက္ 27W အျမန္အားသြင္းစနစ္နဲ႔ 20W ႀကိဳးမဲ့ အားသြင္းစနစ္ေတြကို ေထာက္ပံ့ေပးထားပါတယ္။ Xiaomi ရဲ႕ ေျပာၾကားခ်က္မ်ားအရ Mi 9 ကို ႀကိဳးနဲ႔ အားအျပည့္သြင္းမယ္ဆိုရင္ ၁နာရီနဲ႔ ၄မိနစ္သာ လိုအပ္ၿပီး ႀကိဳးမဲ့ အားသြင္းမယ္ဆိုရင္ေတာ့ ၁နာရီနဲ႔ ၄၀မိနစ္ လိုအပ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဗူးထဲမွာပါမယ့္ Charging Adapter က 18W အထိသာ ေထာက္ပံ့ေပးႏိုင္မွာပါ။ ဒါ့ေၾကာင့္ 27W အျမန္အားသြင္းစနစ္နဲ႔ 20W ႀကိဳးမဲ့ အားသြင္းစနစ္ေတြကို အသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ Wireless Charging Pad နဲ႔အတူ ပူးတြဲပါလာမယ့္ Charging Adapter ကို သီးသန္႔ ထပ္ဝယ္ဖို႔ လိုအပ္ပါလိမ့္မယ္။

Xiaomi Mi 9 ကို အေရာင္ေတြအေနနဲ႔ Lavender Violet, Ocean Blue နဲ႔ Piano Black ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ RAM 6GB + Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၂၉၉၉ ယြမ္ (ျမန္မာေငြ ၆၈၀,၀၀၀ ဝန္းက်င္ )၊ RAM 8GB + Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃၂၉၉ ယြမ္ (ျမန္မာေငြ ၇သိန္းခြဲ ဝန္းက်င္ )၊ RAM 12GB + Storage 256GB ပါတဲ့ Transparent Edition ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃၉၉၉ ယြမ္ (ျမန္မာေငြ ၉သိန္း ဝန္းက်င္ )နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Xiaomi ဟာ Mi 9 ထက္ ေစ်းသက္သာတဲ့ Mi 9 SE ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ Mi 9 SE မွာ Snapdragon 712, 5.97” OLED Display, In-display Fingerprint Sensor, 3070mAh Battery, 20MP Selfie Camera နဲ႔ 48MP+8MP+13MP Triple Rear Camera ေတြကို တပ္ဆင္ထားပါတယ္။ Mi 9 SE ရဲ႕ RAM 6GB + Storage 64GB ေမာ္ဒယ္ကိုေတာ့ တ႐ုတ္ေငြ ၁၉၉၉ ယြမ္ (ျမန္မာေငြ ၄သိန္းခြဲ ဝန္းက်င္)နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref : Android Authority

[Unicode]

ထင်ထားတာထက်ပိုပြီး စျေးသက်သာနေတဲ့ Mi 9 ကို Xiaomi က တရားဝင် မိတ်ဆက်သွားပြီ

Xiaomi ဟာ Mi 9 ကို တရုတ်ပြည်မှာ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ မိတ်ဆက်သွားခဲ့ပါတယ်။ Mi 9 ဟာ ပေါက်ကြားထွက်ပေါ်ထားတဲ့ ကောလဟလသတင်းတွေအတိုင်း Snapdragon 855 , RAM 6GB/8GB , Storage 128GB , 3300mAh Battery တွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ Display အပိုင်းအတွက် 6.39” Full HD+ Super AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါမယ်။

ရှေ့ဘက်မျက်နှာပြင်ကို Corning Gorilla Glass 6 နဲ့ဖုံးအုပ်ထားပြီး နောက်ကျောဘက်ကိုတော့ Corning Gorilla Glass 5 နဲ့ဖုံးအုပ်ပေးထားပါတယ်။ Waterdrop Notch Display ကို အသုံးပြုထားတာကြောင့် Mi 8 တုန်းကလိုမျိူး 3D Face ID စနစ် မပါဝင်တော့ပါဘူး။ ဒါပေမယ့် ပိုမိုမြန်ဆန် တိကျမှန်ကန်အောင် အဆင့်မြှင်တင်ထားတဲ့ Goodix ရဲ့ In-display Fingerprint Sensor ကို ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 48MP Sony IMX586 Sensor (f/1.8) ကို Main Camera အဖြစ်အသုံးပြုထားပြီး 16MP (f/2.2) Ultra-wide + 12MP (f/2.2) Telephoto Lens တွေနဲ့ တွဲဖက်အသုံးပြုထားပါတယ်။ ( DxOMark ကလည်း Xiaomi Mi 9 ရဲ့ ကင်မရာကို Review လုပ်ပြီးသွားပြီ ဖြစ်တာကြောင့် ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် တတိယနေရာမှာ သတ်မှတ်ပေးထားပါတယ်) Front-facing Camera အတွက်ကိုတော့ 20MP (f/2.0) Sensor ကို တပ်ဆင်ပေးထားမှာပါ။

3300mAh ဘက်ထရီကို အားဖြည့်ဖို့အတွက် 27W အမြန်အားသွင်းစနစ်နဲ့ 20W ကြိုးမဲ့ အားသွင်းစနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ Xiaomi ရဲ့ ပြောကြားချက်များအရ Mi 9 ကို ကြိုးနဲ့ အားအပြည့်သွင်းမယ်ဆိုရင် ၁နာရီနဲ့ ၄မိနစ်သာ လိုအပ်ပြီး ကြိုးမဲ့ အားသွင်းမယ်ဆိုရင်တော့ ၁နာရီနဲ့ ၄၀မိနစ် လိုအပ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဗူးထဲမှာပါမယ့် Charging Adapter က 18W အထိသာ ထောက်ပံ့ပေးနိုင်မှာပါ။ ဒါ့ကြောင့် 27W အမြန်အားသွင်းစနစ်နဲ့ 20W ကြိုးမဲ့ အားသွင်းစနစ်တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ Wireless Charging Pad နဲ့အတူ ပူးတွဲပါလာမယ့် Charging Adapter ကို သီးသန့် ထပ်ဝယ်ဖို့ လိုအပ်ပါလိမ့်မယ်။

Xiaomi Mi 9 ကို အရောင်တွေအနေနဲ့ Lavender Violet, Ocean Blue နဲ့ Piano Black ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 6GB + Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၂၉၉၉ ယွမ် (မြန်မာငွေ ၆၈၀,၀၀၀ ဝန်းကျင် )၊ RAM 8GB + Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၃၂၉၉ ယွမ် (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင် )၊ RAM 12GB + Storage 256GB ပါတဲ့ Transparent Edition မော်ဒယ်ကို တရုတ်ငွေ ၃၉၉၉ ယွမ် (မြန်မာငွေ ၉သိန်း ဝန်းကျင် )နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Xiaomi ဟာ Mi 9 ထက် စျေးသက်သာတဲ့ Mi 9 SE ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Mi 9 SE မှာ Snapdragon 712, 5.97” OLED Display, In-display Fingerprint Sensor, 3070mAh Battery, 20MP Selfie Camera နဲ့ 48MP+8MP+13MP Triple Rear Camera တွေကို တပ်ဆင်ထားပါတယ်။ Mi 9 SE ရဲ့ RAM 6GB + Storage 64GB မော်ဒယ်ကိုတော့ တရုတ်ငွေ ၁၉၉၉ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်)နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : Android Authority