Zawgyi

ဒီေန႔မွာေတာ့ လာမယ့္ ၂၀၁၉ခုႏွစ္မွာ Flagship စမတ္ဖုန္း ျဖစ္လာမယ့္ Xiaomi Mi 9 ရဲ႕ သတင္း အခ်က္အလက္မ်ား ေပၚထြက္လာပါၿပီ။ တ႐ုတ္ႏိုင္ငံ အေျခစိုက္ နည္းပညာ Media တစ္ခုျဖစ္တဲ့ GizChina ရဲ႕ အဆိုမ်ားအရ Mi 9 ဟာ Qualcomm Snapdragon 8150 SoC ကို ပထမဦးဆုံး အသုံးျပဳထားတဲ့ စမတ္ဖုန္း ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။

ယခင္က Snapdragon 855 လို႔ နာမည္ထြက္ခဲ့တဲ့ SoC ဟာ Snapdragon 8150 နာမည္နဲ႔ ပြဲထြက္လာမယ္ဆိုတာ အားလုံး သိၿပီးသား ျဖစ္မွာပါ။ ဘာဘဲျဖစ္ျဖစ္ အဆိုပါ SoC နဲ႔အတူ ပြဲထြက္လာမယ့္ Mi 9 ကို လာမယ့္ ၂၀၁၉ခုႏွစ္ အေစာပိုင္းမွာ ျမင္ေတြ႕ႏိုင္ေၾကာင္းကို ကြၽမ္းက်င္ ပညာရွင္မ်ားက ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။ ဒါ့အျပင္ Mi 9 ရဲ႕ မိတ္ဆက္ပြဲကိုလည္း Mi 8 တုန္းကလိုမ်ိဴး တ႐ုတ္ႏိုင္ငံမွာ ပထမဦးဆုံး က်င္းပသြားႏိုင္တယ္လို႔ သိရပါတယ္။

Mi 9 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းကို 48MP Sony IMX586 Primary Sensor အပါအဝင္ စုစုေပါင္း ကင္မရာ ၃လုံးကို တြဲလ်က္ တပ္ဆင္ထားႏိုင္ပါတယ္။ RAM 6GB နဲ႔ 8GB ဗားရွင္း ၂မ်ိဴး ထုတ္လုပ္ထားႏိုင္တဲ့အျပင္ အထူးထုတ္ ေမာ္ဒယ္အျဖစ္ RAM 10GB ဗားရွင္းကိုပါ ထုတ္လုပ္ထားႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ In-display Fingerprint Scanner ကို ထည့္သြင္း တပ္ဆင္ထားႏိုင္ၿပီး AMOLED Display ကို အသုံးျပဳႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆို ထားၾကပါတယ္။

Ref: gizmochina

Unicode

Xiaomi Mi 9 ဟာ Snapdragon 8150 SoC ကို အသုံးပြုထားတဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်လာနိုင်

ဒီနေ့မှာတော့ လာမယ့် ၂၀၁၉ခုနှစ်မှာ Flagship စမတ်ဖုန်း ဖြစ်လာမယ့် Xiaomi Mi 9 ရဲ့ သတင်း အချက်အလက်များ ပေါ်ထွက်လာပါပြီ။ တရုတ်နိုင်ငံ အခြေစိုက် နည်းပညာ Media တစ်ခုဖြစ်တဲ့ GizChina ရဲ့ အဆိုများအရ Mi 9 ဟာ Qualcomm Snapdragon 8150 SoC ကို ပထမဦးဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ယခင်က Snapdragon 855 လို့ နာမည်ထွက်ခဲ့တဲ့ SoC ဟာ Snapdragon 8150 နာမည်နဲ့ ပွဲထွက်လာမယ်ဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။ ဘာဘဲဖြစ်ဖြစ် အဆိုပါ SoC နဲ့အတူ ပွဲထွက်လာမယ့် Mi 9 ကို လာမယ့် ၂၀၁၉ခုနှစ် အစောပိုင်းမှာ မြင်တွေ့နိုင်ကြောင်းကို ကျွမ်းကျင် ပညာရှင်များက ခန့်မှန်း ပြောဆိုထားကြပါတယ်။ ဒါ့အပြင် Mi 9 ရဲ့ မိတ်ဆက်ပွဲကိုလည်း Mi 8 တုန်းကလိုမျိူး တရုတ်နိုင်ငံမှာ ပထမဦးဆုံး ကျင်းပသွားနိုင်တယ်လို့ သိရပါတယ်။

Mi 9 ရဲ့ နောက်ကျောဘက် ကင်မရာအပိုင်းကို 48MP Sony IMX586 Primary Sensor အပါအဝင် စုစုပေါင်း ကင်မရာ ၃လုံးကို တွဲလျက် တပ်ဆင်ထားနိုင်ပါတယ်။ RAM 6GB နဲ့ 8GB ဗားရှင်း ၂မျိူး ထုတ်လုပ်ထားနိုင်တဲ့အပြင် အထူးထုတ် မော်ဒယ်အဖြစ် RAM 10GB ဗားရှင်းကိုပါ ထုတ်လုပ်ထားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် In-display Fingerprint Scanner ကို ထည့်သွင်း တပ်ဆင်ထားနိုင်ပြီး AMOLED Display ကို အသုံးပြုနိုင်တယ်လို့ ခန့်မှန်းပြောဆို ထားကြပါတယ်။

Ref: gizmochina