Xiaomi ကနေ Redmi Series ဖုန်းသစ်တစ်ခုဖြစ်တဲ့ Redmi 5A ဖုန်းကို ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ဖုန်းက ယခင်ကထုတ်လုပ်ခဲ့ဖူးတဲ့ Redmi Note 5A နဲ့တူညီပေမယ့် အနည်းငယ်သေးငယ်သွားတာပဲဖြစ်ပါတယ်။

Redmi 5A ဖုန်းမှာ ၅ လက်မ HD Display ပါဝင်မှာဖြစ်ပြီး Metal Body ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ Processor ပိုင်း အနေနဲ့ကတော့ Qualcomm Snapdragon 425 CPU, RAM 2GB နဲ့ Internal Storage 16GB ပါဝင်မှာဖြစ်ပါတယ်။ ထပ်တိုးချင်တယ်ဆိုရင်တော့ SIM 2 Slot မှုာ SD Card စိုက်လို့ရမှာပါ။

Xiaomi Redmi 5A မှာ ကင်မရာပိုင်းအနေနဲ့တော့ 13MP Back Camera နဲ့ 5MP Front Selfie Camera တွေပါဝင်မှာဖြစ်ပြီး Fingerprint Sensor တော့ပါဝင်မှာမဟုတ်ပါဘူး။

Battery ပိုင်းအနေနဲ့လည်း နည်းသွားတယ်လို့ပြောလို့ရပြီး 3000mAh Battery ပဲပါဝင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းအနေနဲ့တော့ အလွန်သက်သာမှာဖြစ်ပြီး မြန်မာငွေကျပ် ၁ သိန်းဝန်းကျင် (600 Yuan) နဲ့ပဲ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။