Xiaomi ကနေ အလန်းစားစမတ်ဖုန်းတွေဖြစ်တဲ့ Mi 8 စမတ်ဖုန်းတွေကို ထုတ်လုပ်တွေထုတ်လုပ်ပြီးတဲ့အချိန်မှာ ဈေးနှုန်းသက်သာတဲ့ Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းတွေကိုပါ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

Xiaomi Redmi 6 စမတ်ဖုန်းက 5.45″ HD+ IPS Display ကို အသုံးပြုထားပြီးတော့ MediaTek ရဲ့ Processor အသစ်ဖြစ်တဲ့ Helio P22 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ Processor ဟာ 2Ghz Octa Core အမျိုးအစားဖြစ်ပြီးတော့ 12nm Architecture ကို အသုံးပြုထားတဲ့အတွက် ပါဝါစားလည်း သက်သာမှာဖြစ်ပါတယ်။ RAM 3GB + ROM 32GB ဒါမှမဟုတ် RAM 4GB + ROM 64GB ဆိုပြီးလည်း ရွေးချယ်နိုင်မှာပါ။

Redmi 6 စမတ်ဖုန်းဟာ Dual Back Camera ကို အသုံးပြုထားတာဖြစ်ပြီးတော 12MP + 5MP Camera တွေတပ်ဆင်ထားတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 5MP Camera ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 3000mAh Battery ပါဝင်လာမှာပါ။

Redmi 6 စမတ်ဖုန်းမှာ AI ပါဝင်တဲ့ Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီေးတာ့ ဖုန်းကို ကိုင်လိုက်တာနဲ့ ချက်ချင်း Unlock ပြုလုပ်ပေးနိုင်မှာပါ။

Redmi 6 စမတ်ဖုန်းအပြင် ဈေးပိုသက်သာတဲ့ Redmi 6A စမတ်ဖုန်းကိုလည်း Xiaomi က မိတ်ဆက်သွားခဲ့ပါသေးတယ်။

အခု Redmi 6A စမတ်ဖုန်းကတော့ Helio A22 Processor ကို အသုံးပြုထားပြီးတော့ အဆိုပါ Processor က Helio P22 လိုမျိုးပဲ 2GHz CPU Speed နဲ့ 12nm Architecture ကို အသုံးပြုထားပေမယ့် Quad Core ပဲပါဝင်မှာဖြစ်ပါတယ်။ RAM 2GB နဲ့ Storage 16GB ပဲ ပါဝင်တော့မှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Redmi 6A စမတ်ဖုန်းက 13MP Back Camera နဲ့အတူ 5MP Front Camera ပါဝင်မှာဖြစ်ပြီးတော့ Fingerprint Sensor တော့ ပါဝင်လာမှာမဟုတ်ပါဘူး။

Redmi 6 စမတ်ဖုန်းဟာ RAM နဲ့ Storage ပေါ်မှုတည်ပြီး $125 ကနေ $155 အထိ ရှိပြီးတော့ Redmi 6A စမတ်ဖုန်းကတော့ $95 ပဲရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အခု Redmi 6 ဖုန်းတွေကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။