Xiaomi ဟာ မကြာခင်ရက်ပိုင်းမှာ ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Redmi 6 Pro စမတ်ဖုန်းကို ထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။ အခု Xiaomi Redmi 6 Pro ဟာ တရားဝင်မကြေညာရသေးပေမယ့် အခုအချိန်မှာတော့ Product Photo တွေထွက်ရှိလာပြီပဲဖြစ်ပါတယ်။

အခုထွက်လာတဲ့ ဓါတ်ပုံတွေအရ Xiaomi Redmi 6 Pro ဟာ Notch ပါဝင်လာတဲ့ နောက်ထပ်စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Display အရွယ်အစားက 5.84″ ရှိမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Xiaomi Mi 8 SE နဲ့ အရွယ်အစားတူတူပဲလို့ပြောလို့ရပါတယ်။

အနောက်ဖက်ပိုင်းအနေနဲ့ကတော့ အခုနောက်ပိုင်း Xiaomi ဖုန်းတွေမှာ တွေ့လာရတဲ့အတိုင်း Vertical တပ်ဆင်ထားတဲ့ Dual Camera နဲ့အတူ Fingerprint Scanner ကိုတွေ့ရပါတယ်။

အခု Redmi 6 Pro စမတ်ဖုန်းဟာ MediaTek ရဲ့ စွမ်းဆောင်ရည်မြင့် Helio P60 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ RAM 2GB ၊ ROM 16GB ကနေ စတင်ရောင်းချမှာဖြစ်ပါတယ်။ ကြီးမားတဲ့ 4000mAh Battery လည်း ပါဝင်ဦးမှာပါ။

အခု Redmi 6 Pro စမတ်ဖုန်းရဲ့ တရားဝင်အချက်အလက်တွေကိုတော့ မနက်ဖြန် တရားဝင်ကြေညာတဲ့အချိန်ကြရင် သိရမှာပါ။