Xiaomi ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက 18:9 Ratio Full Screen Display တွေကို အသုံးပြုလာတဲ့ Redmi 5 နဲ့ Redmi 5 စမတ်ဖုန်းတွေကိုထုတ်လုပ်ခဲ့ပြီးတော့ အခုအချိန်မှာတော့ Redmi Note 5 ကိုလည်း ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

အခုထွက်ရှိလာမယ့် Xiaomi Redmi Note ဖုန်းဟာ Dual Camera ပါဝင်လာမှာဖြစ်ပြီး Processor ကိုလည်း Qualcomm Snapdragon Processor အသစ်တွေကို အသုံးပြုလာဦးမှာပါ။

အခုထွက်ရှိလာမယ့် Xiaomi Redmi Note 5 စမတ်ဖုန်းဟာ Qualcomm Snapdragon 636 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ RAM 4GB နဲ့ Internal Storage 64GB ပါဝင်မှာဖြစ်ပြီးတော့ 5.99″ Full HD+ Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Xiaomi Redmi Note 5 မှာ ကင်မရာပိုင်းအနေနဲ့ 16MP + 5MP Camera ပါဝင်မှာဖြစ်ပြီး Front Selfie Camera ကိုလည်း 8MP ကို အဆင့်မြှင့်တင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ Face Unlock လည်းပါဝင်မှာဖြစ်ပြီး Fast Charging ကို Support ပြုလုပ်တဲ့ 4100mAh Battery လည်းပါဝင်မယ်လို့ သိရပါတယ်။

ဈေးနှုန်းအနေနဲ့တော့ Xiaomi ကထုတ်လုပ်တဲ့ စမတ်ဖုန်းဖြစ်တဲ့အတွက် ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။