Xiaomi ကနေ လာမယ့် မေလ ၁၀ ရက်နေ့မှာ Redmi Series စမတ်ဖုန်းတစ်ခုဖြစ်လာမယ့် Redmi S2 စမတ်ဖုန်းကို ကြေညာသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ တရားဝင်မကြေညာခင်မှာတင် Mi Official Showroom တစ်ခုမှာ အခု Redmi S2 ကို တွေ့မြင်လာရပြီပဲဖြစ်ပါတယ်။

Xiaomi Redmi S2 စမတ်ဖုန်းကို Czech Republic မှာရှိတဲ့ Mi Official Showroom မှာ ခင်းကျင်းပြသထားတာကိုတွေ့ခဲ့ရတာဖြစ်ပြီးတော့ Specifications တွေကိုပါ အနည်းငယ်တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

Xiaomi ရဲ့ Redmi S2 စမတ်ဖုန်းဟာ 5.99″ HD+ Resolution Screen ကို အသုံးပြုထားမှာဖြစ်ပြီးတော 12MP + 5MP Dual Camera ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုလည်းဖြစ်မှာပါ။ Selfie Camera အနေနဲ့ကတော့ 16MP ပါဝင်တဲ့အတွက် Selfie သမားတွေ အကြိုက်တွေ့ကြဦးမှာပါ။

Processor ပိုင်းအနေနဲ့ကတော့ Qualcomm ရဲ့ Snapdragong 625 Processor ကိုအသုံးပြုထားတာဖြစ်ပြီးတော့ RAM အနေနဲ့ 2GB ၊ 3GB နဲ့ 4GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်သလို RAM ရွေးချယ်မှုပေါ်မှုတည်ပြီးတော့ Storage ကလည်း 16GB ၊ 32GB နဲ့ 64GB ဆိုပြီး ကွာခြားသွားမှာဖြစ်ပါတယ်။

Xiaomi Redmi S2 စမတ်ဖုန်းဟာ အားနည်းချက်လို့ ပြောနိုင်တဲ့အချက်ကတော့ 3080mAh Battery ပဲဖြစ်ပြီးတော့ ဒါကလည်း Qualcomm Snapdragon 625 Processor နဲ့အတူ ပါဝါစားသက်သာတဲ့ HD+ Resolution Display တွေကြောင့် အရမ်းတော့ မဆိုးရွားလောက်ဘူးလို့ မျှော်လင့်ရပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ Xiaomi Redmi S2 ဖုန်းဟာ ဘတ်ဂျတ် Level ပဲရှိမှာဖြစ်ပြီးတော့ ဒေါ်လာ ၁၅၀ အထက်ပဲ ရှိမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် မြန်မာငွေကျပ် ၂ သိန်းအောက်ပဲရှိမှာဖြစ်ပါတယ်။